အိမ်မှာ ရှေ့နေခေါ်ပီး အကျဉ်းရုံးလုပ်လိုက်သော လက်မှတ်ထိုးပွဲတစ်ခု...Wu YiFanမျက်နှာကပြုံးနေသော်လည်း Chanyeolကတစ်ခုခုကိုထိတ်လန့်နေသလို...
သူမှားသွားပီလား...
သူ့ဘဝကို ထိုလူလက်ထဲပုံအပ်လိုက်သလိုများဖြစ်သွားပီလား?...အို မသိဘူးဗျာ...
Sehunအတွက် တစ်ခုခုတော့ပြန်ပေးဆပ်ရမည်မဟုတ်ပါလား....."မထင်ထားဘူး Wu YiFanရဲ့ မင်္ဂလာ လက်မှတ်ထိုးပွဲက ဒီလိုအကျဉ်းရုံးလေး.ပီးဆုံးသွားလိမ့်မယ်လို့"
ခနဲ့ပီးမေးနေသော Chanyeolရဲ့အမေးကို YiFan ကခေါင်းရမ်းကာ
"Sorryပါကွာ ကိုယ်တောင်းပန်ပါတယ် တချိန်မှာ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာ ပွဲမျိုး ဖန်တီးပေးပါ့မယ်ကွာ
ခု ကိုယ်ဘာမှမလုပ်ပေးနိုင်သေးလို့တောင်းပန်ပါတယ်""ဟင်"
Chanyeolရန်စချင်သဖြင့်ပြောလိုက်သော်လည်း YiFanကတည်ငြိမ်လေးနက်စွာ ရှင်းပြနေသည်...
မျက်နှာကလဲ စိတ်မကောင်းနေသောသရုပ်ကို သေချာဖော်ပြနေကြသည်......
Chanyeolကြောင်တောင်တောင်ဖြစ်သွားပီး ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားသည်
"ဟင်း"
Chanyeolဆောင့်အောင့်ပီး အခန်းထဲကထွက်သွားတော့ YiFanကတော့ ကြောင်တောင်တောင် လိုက်ကြည့်နေမိသည်......
****#$£€$€|©*******£€|||£||******
YiFan အခန်းတံခါးကိုအသံမမြည်အောင်ဖွင့်ပီး အသာလေးဝင်လာပီး အခန်းထဲကမြင်ကွင်းကြောင့် ကြည်နူးစွာပြုံးလိုက်မိသည်...
Chanyeol က တခုခုကိုမကျေမနပ်တွေးနေပုံရပီး ငြိမ်သက်နေသည်...
ခုတင်ပေါ်မှာ ထိုင်နေပီး ခြေထောက်လေးတွေကို အောက်ကိုချထားသည်.....
သုံးချိုးတချိုးမြင်နေရသော မျက်နှာလေးကို အတန်ကြာငေးကြည့်နေမိသည်...