Wu Yi Fanခင်ဗျား ဘယ်မှာလဲ??
ဘယ်ရောက်နေလဲ....
ဘာတွေလုပ်နေလဲ .....ကျနော် ခင်ဗျားကိုသတိရနေတယ်
မဟုတ်ဘူး အရမ်းကိုလွမ်းနေမိတာ.....ခင်ဗျားကျနော့်အနားမှာ မရှိတဲ့ အချိန်တွေဟာ ကျနော့်အတွက် သိပ်ကိုခက်ခဲလွန်းတယ်.....
အဲ့ဒါဘာလို့လဲဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ်ပြန်မမေးရဲဘူး......
ဟုတ်တယ် Wu YiFan ခင်ဗျားကို ကျနော် မချစ်ချင်ဘူး......
မတူညီတဲ့အရာပေါင်းများစွာနဲ့ ခင်ဗျားဘေးနားမှာ ခင်ဗျားကိုချစ်ဖို့ ကျနော် သတ္တိမရှိနေဘူး.......
အဲ့ဒါကြောင့် ခင်ဗျား ကို ကျနော် မုန်းနေရအုံးမယ်.....
**¿$$¿$€|||$¿$€*******€€$$£€€|****
နေနိုင်လိုက်တာ....Wu YiFan ပြန်လာမလားဆိုပီး စောင့်နေမိသည်....
မျှော်နေမိသည်ကအမှန်ပင်........
နေနိုင်လိုက်တာ Wu Yi Fanရယ်...
ခင်ဗျားရဲ့အချစ်ဆိုတာ ဒါမျိုးလား....
"သခင်လေး ရှေ့ဆက်မတိုးပါနဲ့ အန္တရယ်များတယ်
နောက်ဆုတ်လိုက်ပါ"အလွန်တရာစိုးရိမ်နေသော Chirimရဲ့အသံကြောင့် Chanyeol ခေါင်းထဲလက်ခနဲဖြစ်သွားလေသည်...
ခင်ဗျားအခုချက်ချင်းပြန်လာခဲ့ပါ Wu YiFan....
ခပ်မဲ့မဲ့လေးပြုံးပီး မိုက်ရူးရဲဆန်စွာ မျက်လုံးမှိတ်ပီး ခြံစည်းရိုးကို ဆုပ်ကိုင်လိုက်စဉ်....
လူတကိုယ်ကျဉ်ခနဲခံစားမှုနဲ့အတူ လွင့်ထွက်သွားသောခံစားချက်.....
ထို့နောက် အရာအားလုံးအမှောင်အတိ......
******$€|€¿£||****|€$£|©**********
မတွေ့ရတာမှ နှစ်ရက်ပဲရှိသေးသည်...
Chanyeol မျက်နှာလေးက ချောင်ကျသွားတာသိသိသာသာ.....
