Ep5

5.4K 454 12
                                    


"Chen ဒီခြံကိုမရရ​အောင်​ဝယ်​​ပေးပါ"

ရောင်းမည်​ဆို​သော ဆိုင်းဘုတ်​​တွေဘာ​တွေလဲ မတပ်​ထားသဖြင့်​ Chen​ခေါင်းစား​နေမိသည်​...
အကြပ်​ရိုက်​​နေ​သော သူ့ပုံကိုကြည့်​ကာ Kaiကရယ်​ရင်းမှ

"မင်းကလဲကွာ မျက်​နှာကြီးရှုံ့မဲ့မ​နေပါနဲ့ ပိုက်​ဆံမတန်​မဆ​ပေးလိုက်​ရင်​ ဘယ်​သူကမ​ရောင်းပဲ​နေမှာလဲ
မရဘူး​နော်​ ငါဒီတပါတ်​အတွင်း ဒီခြံထဲ​နေရမှဖြစ်​မှာ.."

တဖတ်​ခြံသို့လှမ်းကြည့်​​နေရင်း အခိုင်​အမာ​ပြောလာ​လေသည်​....

"မင်းသိတဲ့အတိုင်း YiFanက Chanyeolကိုအပြင်​​ပေးထွက်​တာမဟုတ်​ဘူး ငါကြိုးစားခွင့်​ကဒီ​နေရာပဲရှိတာ"

"Kai ငါ​ပြောတာ​သေချာနား​ထောင်​စမ်းပါ YiFan​တော်​ရုံအချစ်​မျိုးနဲ့ ဒီလိုအနား​ခေါ်ထားမှမဟုတ်​ဘူး Kai မင်းတကယ်​စိတ်​မဝင်​စားပဲ yiFanကို ပြိုင်​ချင်​တာဆိုရင်​.."

"​တော်​​တော့ Chen
မဟုတ်​ဘူး ငါတကယ်​ရင်​ခုန်​သွားတာဟ
သူ့မျက်​နှာ​လေးကိုမြင်​လိုက်​ထဲကဘယ်​လိုဖြစ်​သွားမှန်းကိုမသိဘူး ရင်​ထဲမှာဆူညံလာတာ ပီး​တော့ သူ့ကိုငါပခုံး​လေးက​နေဆွဲထူလိုက်​​တော့လဲ ငါ့ရင်​​တွေ​ပေါက်​ထွက်​​တော့မလားပဲ ဒါ​ပေမယ့်​ အဲ့အချိန်​မှာမှ YiFan​ရောက်​လာတာ"

"​အော်​"

ပြော​နေရင်း Kaiမျက်​လုံးထဲမှာ မျက်​ရည်​စများ​ဝေ့သီ​နေသဖြင့်​ Chenသက်​ပြင်းချမိသွားသည်​....

"ငါစုံစမ်းလို့ရ​သ​လောက်​​တော့ သူတို့ချစ်​သူ​တွေမဟုတ်​ကြဘူး ဒါ​ပေမယ့်​ YiFan Chanyeolကိုအလွတ်​​ပေးပါ့မလား"

Chenရဲ့အ​ပြောကို Kaiကပြုံးကာ...

"Chanyeolဟာ ပန်းတပွင့်​ဆိုရင်​ ရိုးတံ​ပေါ်မှာပွင့်​ဖတ်​​လေးတဖတ်​ပဲကျန်​​နေမယ်​ဆိုရင်​​တောင်​မှ ငါနမ်းရှိုက်​မိအုံးမှာပါ"

"မင်းတကယ်​ချစ်​သွားတာပဲ"

"အချစ်​လို့ မင်း​ပြောလိုက်​တာလား ငါသူနဲ့​တွေ့ပီးထဲက မျက်​လုံးထဲမှာ သူ့မျက်​နှာ​လေးက​ဖျောတ်​မရဘူး အချိန်​တိုင်းသတိရ​နေတယ်​ သူ့ကိုပိုပိုပီးပိုင်​ဆိုင်​ချင်​လာတာကွာ အဲ့တာအချစ်​ဆိုရင်​​တော့ ငါချစ်​မိ​နေပီထင်​တယ်​"

AddictedWhere stories live. Discover now