Chanyeol ကိုချစ်တယ်...
သူမဲ့နေတာ ဖြစ်ဖြစ် ပြုံးနေတာပဲ ဖြစ်ဖြစ်
အရမ်းချစ်တယ်
အို Chanyeolရဲ့အသက်ရှူသံလေးကအစ သူ့ရဲ့ချွေးစက်လေးတွေအဆုံး ကျနော် သိပ်ချစ်တယ် ဗျာ...***£©©£$¿$£€|****©£$$|©****
Chanyeol မနိုးသေးရင်လဲ နှိုးပီး မနက်စာကျွေးပီးဆေးတိုက်ရန် YiFan အခန်းထဲဝင်လာတော့ Chanyeolက အဝတ်အစားတောင်လဲ ပီးနေပီ....
"အော နိုးနေပီလား ကိုယ်က မင်းမနိုးသေးဘူးထင်လို့ အခန်းထဲယူလာတာ ခုတော့ အပြင်မှာပဲစားရအောင်နော်"
Chanyeol ခေါင်းညိတ်မှYiFanထွက်လာခဲ့သည်...
YiFanက Chanyeol ကြိုက်မယ်ထင်တာလေးတွေကို လိုက်ထည့်ပေးတာ ပန်းကန်ထဲ ပြည့်ကျပ်ကုန်လေသည်....
Chanyeol က ဇွန်းတောင်မကိုင်ပဲရှုံ့မဲ့နေလေတော့...
"ဘာ ဘာဖြစ်လို့လဲ ဖျားနေပီလား"
နဖူးကိုလာစမ်းရင်း YiFanပြောတော့ Chanyeolကထိုလက်ကို ပုတ်ထုတ်ပစ်ပီး.....
"ပန်းကန်ထဲ ဟင်းတွေထည့်ထားတာ ပြည့်ကျပ်နေတာပဲ
ဘယ်လိုစားရမလဲ မစားတော့ဘူး"ပြောပီးသည်နှင့်ပန်းကန်ကို ခပ်လှမ်းလှမ်းကိုရွှေ့ပစ်ပီး yiFanပန်းကန်ကို လက်ညှိုးထိုးကာ
"အဲ့ပန်းကန်နဲ့စားမယ်"
"ဘယ်လို..."
YiFan အနည်းငယ်ကြောင်သွားပီးမှ..
"အော် အင်း အင်း"
ဆိုပီး ပန်းကန်ကိုရွှေ့ပေးတော့လဲ ခေါင်းယမ်းပြန်ကာ
"ခင်ဗျား မစားနဲ့အုံး ကျနော့်ကို ခွံ့ကျွေး"
"ဟင် ဘာ...."
Yiafan Chayeolအတည်ပြောနေတာလားလို့ကြည့်တော့ Chanyeolကခေါင်းထပ်ညိတ်ပြလေသည်...
သူ့ကိုတမင်နှိပ်စက်ချင်ပုံရသော Chanyeolကြောင့် သူကြိတ်ပြုံးမိသည်....
