Ep13(Final)

9.4K 577 32
                                    


Chanyeol နိုးလာ​တော့ ဒီ​နေရာဟာ ​ဆေးရုံမဟုတ်​ဘူးဆိုတာ ခံစားမိ​နေသည်​..

အခန်းထဲမှာ​တော့ တိတ်​ဆိတ်​ကာ မည်​သူမှ ရှိမ​နေခဲ့​ပေ...

နေစမ်းပါအုံး ဒါ......
ရင်းနှီိး​နေ​သော ခပ်​​ဖျော့​ဖျော့​မွှေးရနံ​လေး

သူ သူ Wu Yi Fanရဲ့အိမ်​ထဲကို ပြန်​​ရောက်​​နေခဲ့သည်​...

အိမ်​မက်​လား တကယ်​လား သိဖို့်လိုသည်​....

"ဖျန်း"

"အာ့"

ကိုယ့်​ပါးကိုရိုက်​လိုက်​ပီးမှ နာသွားမှ ဒါဟာအိမ်​မက်​မဟုတ်​မှန်းအတည်​ပြုမိပီး ...

Chanyeol မျက်​နှာ​လေး ပြုံးသွားကာ မျက်​လုံးစုံမှိတ်​လျက်

"Hyung!!!"

ပူ​နေသဖြင့်​ ​ရေချိုး​နေ​သော Yi Fan Chanyeol ​အော်​သံ​ကြောင့်​ ​ရေချိုး​နေရင်း တုန်​ခနဲဖြစ်​သွား​လေသည်

"Wu Yi Fan ခင်​​ဗျား အခုဘယ်​မှာလဲ
အား အခုချက်​ချင်း လာခဲ့​နော်
မလာရင်​ ဒီပိုက်​​တွေဆွဲဖြုတ်​ပစ်​မယ်​"

"၁ ၂ ၃.."

"Yeol Hyung ​ရေချိုးခန်း ထဲမှာ ခုလာမယ်​ ခန​လေး
လျှောက်​မလုပ်​ရဘူး​နော်​ အခုလာခဲ့မယ်​"

Yi Fan အသံ​ရေချိုးခန်းထဲမှဟိန်းထွက်​လာ​တော့မှ Chanyeol ဇတ်​​လေးပုပီး ငြိမ်​သွားသည်​...

မျက်​နှာ​လေးကလဲ ပြုံးစိစိ...

ဟီး သူအရင်​လိုဂရုစိုက်​ စိုးရိမ်​​နေတတ်​တုန်းပဲ....

Yi Fan ​ရေချိုးခန်းထဲက ထွက်​လာ​တော့ သူ့ကိုစိုက်​ကြည့်​​နေ​သော Chanyeol နဲ့ မျက်​လုံးချင်းဆုံကြည့်​ပီးပြုံးပြ​သော်​လည်း...

Chanyeolက ပြန်​မပြုံးပြပဲ နှုတ်​ခမ်းကို အရုပ်​ဆိုး​အောင်​မဲ့ရွဲ့​နေသည်​...

ထိုပုံစံ​​လေးဟာလဲ Yi Fan မျက်​လုံးထဲမှာ ချစ်​စဖွယ်​အတိ...

သူမ​နေနိုင်​​တော့ပဲ Chanyeol ခုတင်​ဆီ​ပြေးသွားကာ Chanyeol ​ခေါင်း​လေးကို ရင်​ခွင်​ထဲဆွဲသွင်းထားမိသည်​...

Chanyeolကသူ့ခါးကို ပြန်​ဖက်​ထားကာ

"အရမ်းလွမ်း​နေတာ ပြန်​မဆုံနိုင်​ဘူးထင်​ထားတာ"

AddictedWhere stories live. Discover now