"အရမ်းလန့်သွားပီး shock ရသွားတာပါ နောက်တခါ မဖြစ်စေနဲ့ နှလုံးကိုထိခိုက်နိုင်တယ် ဒီည စောင့်ကြည့်ရအုံးမယ်"
"ကျေးဇူးတင်ပါတယ် ကွာ"
Xing က သူ့ပခုံးတွေကို ဖျစ်ညှစ်ကာ အားပေးလာသည်...
Oxygen ပေးထားရသော Yeol ကို ကြည့်ကာ သူ့ရင်တွေစုတ်ပြတ်သပ်နေပီ...
လက်ဖျားလေးတွေကို ဆုပ်ကိုင်ထားရင်း အားမလို အားမရ ဖျစ်ညှစ်မိတာ ခနခန...
Chanyeol ကတော့ အပြစ်ကင်းစွာ အိပ်မောကျနေလေရဲ့....
ထိုတညလုံး Yi Fan ရဲ့မျက်ရည်တွေ Chanyeol လက်ဖမိုးပေါ်ရွှဲစိုနေသည်...
မိုးလင်းပိုင်းမှာ ဖုန်းခေါ်လာသော မေမေရဲ့ စကားအဆုံးမှာ သူ ငိုနေရင်းChirimကိုမှာမိသည်...
"မင်း သူ့အနားမှာ စောင့်ရှောက်ပေးပါကွာ ငါ ငါသွားရတော့မယ် Chanyeol ငါ့ကိုမုန်းစေမယ့် စကားမျိုးတွေ ပြောပေးပါ သူ့ကျန်းမာရေးကိုအထူး ဂရုစိုက်ပေးပါ..."
ထို့နောက် နောက်ဆုံးနှုတ်ဆက်အနမ်းလေးကို ဖြူဖျော့နေသော နှုတ်ခမ်းသားလေးတွေဆီအပေးမှာ သူ့ရဲ့မျက်ရည်တွေဟာ Chanyeolရဲ့ နုညက်နေသော ပါးပြင်လေးတွေ ဆီ ကျကုန်သည်...
သူခပ်ဖွဖွသုတ်ပေးလိုက်တော့
Chanyeol ရဲ့မျက်ရည်တွေ လိုလို.....
"ကိုယ် မင်းကို အရမ်းချစ်ပါတယ် Yeolရယ်"
*****$£€|***£®|£¿***£©€$****£|©**
"Hyung"
"သခင်လေး သတိရပီလား"
"Hyungရော"
ခပ်ဝိုင်းဝိုင်းမျက်ဝန်းလေးတွေဟာ YiFanကို အသဲသန်ရှာနေတာကို ကြည့်ရင်း Chirim ရင်နင့်လာသည်..
"ဟို"
"ဘာတွေဖြစ်ခဲ့တာလဲ Chirim hyungရော hyung ဘယ်မှာလဲ"
"..."
YiFan က သူ့ကိုမုန်းစေမယ့်စကားမျိုး ရွေးပြောဟုမှာခဲ့သော်လည်း Chirim အမှန်တိုင်းပဲ ပြောပြဖြစ်သည်...
