YiFanရေခဲရေ တပုလင်းလုံးသောက်ချပီး ထမင်းစားခန်းမှာထိုင်နေမိသည်....
သူမှားသွားပီလား...
ခလေးကိုဒေါသတကြီးတွန်းထုတ်ခဲ့မိသည်...
အခန်းတံခါးကိုတော့ အပြင်ကပိတ်ခဲ့သဖြင့် Chanyeolအပြင်ထွက်လို့ရမည်မဟုတ်ပါ...
"တောတ် ငါကွာ...."
သူ့ခေါင်းသူပြန်ထုမိရင်း ညီးညူနေမိသည်..
ဒီအရုပ်ခြံထဲဘယ်လိုရောက်လာလဲ စဉ်းစားလို့မရ အားကိုးရသော တပည့်တယောက်ကိုခေါ်ကာ ခြံထဲသွားကြည့်ခိုင်းတော့လဲ သဲလွန်စမတွေ့ရ...
သူနဲနဲသွေးအေးသွားတော့မှ Chanyeolဆီသွားမိသည်...
ငယ်စဉ်ထဲက လိုချင်တာကို ချက်ချင်းရတတ်သော ခလေးတစ်ဦးရဲ့အကျင့်အတိုင်း သူဟာ Chanyeolကိုမရရအောင်ယူခဲ့သည်...
Chanyeolကိုချစ်တဲ့စိတ်နဲ့ ဘာကိုမှ မမြင်နိုင်တော့ပေ...
"ကျွီ'"
အသံမထွက်အောင်တံခါးဖွင့်လိုက်တော့ ခုနက သူတွန်းချထားသော နေရာမှာတင် Chanyeolခွေခွေလေးအိပ်ပျော်နေသည်.....
သူဆွြဲဖဲထားသော အင်္ကျီ်ဟာလဲ ရင်ဘတ်ပွင့်လျက်
...
အသာလေးပွေ့ယူလိုက်တော့ အင်း ဆိုသည့် ငြီးသံလေးထွက်သွားသော်လဲနိုးမသွားပေ..
ခုတင်ပေါ်တင်ပေးပီးမှ ခပ်ပွပွညဝတ်အကျီတထည်ကိုလဲပေးလိုက်တော့ ပခုံးနှစ်ဖက်မှာ အညိုအမဲဆွဲနေသည်
"ကျွတ်"
သူဘာလို့ ခလေးနာကျင်အောင်လုပ်မိပါလိမ့်..
ထိုအတွေးက သူ့ရင်ကို ထိခိုက်နာကျင်စေသည်မှာ ရင်ဘတ်ကြီးအောင့်တတ်လာသည်အထိ...
ဆံပင်လေးတွေ သပ်တင်ပေးပီး မျက်နှာလေးကိုသေချာကြည့်မိသည်...
ငိုထားပုံရသော မျက်ဝန်းထောင့်စွန်းလေးတွေမှာ မျက်ရည်စလေးတွေ...
