"ခလေး ဆင်းလာခဲ့ပါ ကိုယ်တောင်းပန်ပါတယ် ဆင်းလာခဲ့ပါကွာ"ချောက်ကမ်းပါးစွန်းမှာ ရပ်နေသော Chanyeol...
သူ့ကိုခပ်စိမ်းစိမ်းကြည့်နေလေသည်.တောင်းပန်နေသော သူ့မျက်နှာမှာမျက်ရည်တွေစိုရွှဲနေသော်လည်း..
Chanyeolကမဲ့ပြုံးလှလှလေးပြုံးကာ မျက်လုံးမှိတ်လျက် ချောက်ကမ်းပါးစွန်းကနေ ခုန်ချသွားသည်.
"ခလေး!"
ကျယ်လောင်သော အော်သံနှင့်အတူ ချွေးတွေစိုရွှဲလျက် Wu YiFanနိုးလာလေသည်...
ဘယ်လိုအိမ်မက်ပါလိမ့်...
Chanyeolများ တစ်ခုခုဖြစ်နေသလား?ရေတခွက်ယူသောက်ရင်းနာရီကြည့်မိတော့ မနက်၎နာရီ
သူ၁၅မိနစ်လောက်အိပ်ပျော်သွားသည်ပဲ....စိတ်စွဲလမ်းလွန်းလို့ အိမ်မက်ဆိုးမက်တာဖြစ်ပါစေ...
Chanyeol ထိခိုက်မှူတစုံတရာမဖြစ်ပါစေနဲ့...*¿£€|£¿£€|©£¿¿*******$€€|$£||***
"ဟင့်အင်း Wu Yi.Fan"
"Chanyeol"
မျက်လုံးတွေမဖွင့်နိုင်သေးခင် လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသော.အထိအတွေ့နှင့်အတူ စိုးရိမ်တကြီးခေါ်သံတစ်ခု...
ဒါWu YiFanအသံမဟုတ်ပါ...
ဒါဆို ဘယ်သူလဲ?အတွေးနှင့်အတူ ထိုသူဆုပ်ကိုင်ထားသော လက်ကို အလန့်တကြားရုန်းမိသွားသည်...
မြင်လိုက်ရသည်က ညိုစိုသော အသားအရည်နှင့် လူတယောက် တနေရာမှာ တွေ့ဖူးနေသလိုလို...
သို့သော် စဉ်းစားလို့မရ ပေ..."သတိရပီလား "
"အင်း ဘယ်သူလဲဟင်"
"ငါက Kaiပါ shopping mallမှာဆုံဖူးတယ်လေ ငါတို့ကားရှေ့မှာ မင်းလဲကျသွားလို့ "
"အော် ခုဘယ်ချိန်ရှိပီလဲဟင်"
"မနက်၆နာရီ"
"ဗျာ Wu YiFanစိတ်ပူနေတော့မယ်"
ဟု လက်ဖျံမှာချိတ်ထားဆဲ Dripပိုက်ကိုကြည့်ရင်းပြောမိသည်...
