Ep11

5.2K 392 24
                                    


"ဖြန်း"

ခုမှprintထုတ်​ထား​​သော ဓာတ်​ပုံ​တွေကို စားပွဲ​ပေါ်ပစ်​တင်​လိုက်​တာ အသံ​တောင်​ထွက်​သွားသည်​....

ဒေါသကြီး​နေ​သော Mrs Wuရဲ့ မျက်​နှာလှလှဟာ နီရဲ​နေလျက်​...

မချိတင်​ကဲ ​တောတ်​​ခေါက်​သံ​ကြောင့်​ ​ရှေ့မှအလုပ်​သမား​တွေ အလိုလို​ခေါင်းငုံ့သွားကြသည်​....

"ဒါက ဘယ်​လိုဖြစ်​ရတာလဲ"

ကြည့်​ပီးသား ဓာတ်​ပုံ​တွေကို​နောက်​တခါ ယူကြည့်​ပြန်​သည်​...

ကောင်​​လေးတ​ယောက်​ကို ​ပွေ့ချီထား ​သော သူမ၏သားဟာ ဓာတ်​ပုံထဲမှာ ပြုံး​နေလျက်​...

အကြည့်​​တွေဟာလဲ အလွန်​တရာနူးညံ့​နေလျက်​....

"ဒီ​ကောင်​​လေး အ​ကြောင်း အခုချက်​ချင်းစုံစမ်းခဲ့".

¿¿¿¿*****£$****£)£¿¿****$£|€¿****

"ဒါ​လေး စား​လိုက်​အုံး​နော်​ ဟ"

ချစ်​သူ​တွေဖြစ်​သွားပီးမှ Chanyeol ပိုချွဲတတ်​​နေသည်​မှာ မနက်​စာက အစ YiFan ခွံ့​ကျေွ့းရသည်​....

ပြောတတ်​​သေးသည်​က

"မိုးလင်းမျက်​လုံးဖွင့်​ထဲက Hyungနဲ့ပဲစတင်​ပီး
မျက်​လုံးမှိတ်​သွားရင်​လဲ hyungနဲ့ပဲအဆုံးသတ်​ချင်​တာ.."

"သခင်​​လေး"

ဝင်​လာ​သော Chirim​ကြောင့်​ Chanyeol. ပါးချိုင့်​​လေးခွက်​ဝင်​သွားသည်​အထိ မဲ့ပြ​လေသည်​..

YiFanက​တော့ Chanyeol နဖူး​လေးကို မနာ​အောင်​ ခပ်​ဖွဖွ​​တောက်​ကာ ပြုံးမျသွားသည်​....

Yi Fan ရဲ့မျက်​နှာကိုလဲ မျက်​​တောင်​မခတ်​ကြည့်​​နေ​လေသည်​...

ဟန်​မ​ဆောင်​နိုင်​​အောင်​ ပျက်​ယွင်း​နေ​သော YiFan ရဲ့မျက်​နှာ...

"Hyung ဘာဖြစ်​"

"Yeol ထအုံး"

ရုတ်​တရတ်​ လက်​ကိုလာဆွဲပီး အတင်းဆွဲထူ​လေသည်​...

ထို့​နောက်​ ​ခေါ်သွားတာ ​မြေ​အောက်​ခန်းထဲထိ..

အနည်းငယ်​ ​မှောင်​​နေ​သော အခန်းထဲ Chanyeolကိုထည့်​ရင်း ...

AddictedHikayelerin yaşadığı yer. Şimdi keşfedin