ကျွန်တော်ကျောင်းတက်နေတာပိုပြီးအဓိပ္ပါယ်ရှိလာသလို ကျွန်တော်ခံစားနေရတယ် အခါတိုင်းဆိုကျောင်းဆိုတာမျိုးကကျွန်တော့အတွက်စိတ်ထွက်ပေါက်သက်သက် အိမ်မှာမနေချင်လို့ ကျောင်းလာပြီးအချိန်ဖြုန်းသည့်သဘော ခု ကျွန်တော့အနီးအနားမှာ သူရှိနေတယ်လို့တွေးလိုက်တိုင်း ရင်ထဲနွေးခနဲဖြစ်သွားတာ ဒါအချစ်လို့ခေါ်လား ဒါသာအချစ်ဆိုရင်တော့ကျွန်တော် chanyeol ဆိုတဲ့ကောင်လေးကိုချစ်မိနေပြီပေါ့ ချစ်မိတာမှမြင်မြင်ချင်းကိုချစ်မိတာ
_________________________________"Yeol ကျောင်းချိန်လိုသေးတယ် ice cream သွားဝယ်ပြီး ဘောလုံးကွင်းနားကသစ်ပင်အောက်သွားစားရအောင်"
" သွားလေ hyung "
ကျွန်တော်သူ့လက်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ice-cream ဆိုင်ကိုပြေး မိတယ်
ရေခဲမုန့်နှစ်ခွက်ဝယ်ပြီး တစ်ခွက်ကို သူ့လှမ်းပေးတော့ ကျွန်တော်မြင်လိုက်ရတာက သူ့လက်ကောက်ဝတ်က တက်တူးတစ်ခု တက်တူးလေးကထူးထူးခြားခြား ပါ ဖီးနစ်ငှက်ပုံလေး ဖီးနစ်လေးကအသည်းနှလုံးပေါ်မှာနားနေတာ အဲ့လိုပုံလေး ကျွန်တော် စိတ်ဝင်တစားကြည့်မိတယ် ထူးခြားတာကိုးလေ"hyung ဘာကြည့်တာလဲ "
ပြုံးစိစိနဲ့ yeol မေးတော့ kris ပြန်ပြုံးပြရင်း
"တက်တူးကိုကြည့်တာ လှလို့ "" အာ ဒါလား hyung သဘောကျလို့လား "
" imm "Yeol ပါသူ့တက်တူးသူပြန်ကြည့်တယ်...
သူတို့စကားတပြောပြောနဲ့လျှောက်လာတာ ဘောလုံးကွင်းနားက သစ်ပင် အောက်ရောက်တော့ သစ်ပင်အောက်မှာ krisထိုင်ချလိုက်တယ် yeol ကလဲ krisနည်းတူ
်
Kris ရေခဲမုန့်ကိုတစ်ကိုက်ကိုက် ပြီး စားလိုက်သည်ဲ
ပြီးတော့မှစကားစသည်"yeol မင်းမှာအမေရှိလား "
"imm ရှိတယ်လည်းပြောလို့ရတယ် ဒါပေမဲ့မရှိတော့ဘူး"
" hmm ဘယ်လိုကြီးတုန်း "
" ommaက ဟိုးးးမိုးပေါ်ကတိမ်တွေကြားထဲမှာနေတယ် "
"ဆုံးသွားပြီပေါ့ "
"arnyi ရှင်နေသေးတယ် ကျွန်တော့ရဲ့ ဒီနေရာမှာ "
သူအားရပါးရပြုံးပြီး သူ့ဘယ်ဘက်ရင်အုံကိုပုတ်ပြတယ်
အော် ကျွန်တော်နဲ့ဘဝတူတွေပါလား
"hyung ကော မိသားစု?"
" အဖေရယ်အဖေ့မိန်းမရယ်ရှိတယ် "
"hyung အဖေမိန်းမက hyung အမေပေါ့ မဟုတ်ဘူးလား"
" nop stepmother "
" hyung နေရတာကျဉ်းကျပ်မှာပဲနော် "
" အဆင်ပြေပါတယ် "
ကဲ သွားရအောင်ကွာ အတန်းချိန်နီးပြီ တော် ကြာ ဆရာက သူ့သားလေးခေါ်ပြီးဖျက်ဆီးတယ်ဆိုပြီးဆူပါဦးမယ် ဟဟ
Yeol ကရယ်သည် သူရယ်တာလေးက fairy land က angel လေးလိုလို ♡ ♡ ♡ ♡
သိုနှင့် ကျွန်တော်နဲ့သူအတန်းတက်ခဲ့တယ် သူကကျွန်တော့ဘေးကခုံမှာ ကျွန်တော့မှာ စာသင်နေရင်းခိုးခိုးကြည့်ရတာအမော
ချစ်ခြင်းအစမျက်စိကဆိုပေမဲ့
ကျွန်တော့မျက်လုံးတွေမရှိရင်တောင်သူ့အသံလေးကိုကျွန်တော်ချစ်မိမှာပဲ
ကျွန်တော့နားတွေကန်းနေရင်တောင်သူ့ကိုယ်သင်းနံ့လေးကိုကျွန်တော် ချစ်မိမှာပဲ ကျွန်တော့နှာခေါင်းမရှိရင်တော့ အသက်လဲရှူလို့မရသလို ပဲ သူ့ကိုမချစ်ရရင်ကျွန်တော်သေသွားမှာ___________________________________\_____
် နည်းနည်းတိုသွားတယ် မျက်လုံးနည်းနည်းနားရမယ်ဆိုလို့အပြေးအလွှားလာဒိတ်တာ နှစ်ရက်လောက်နေရင် what happen with them ရယ် don't mean to hurt you ရယ်နဲ့ပြန်လာပါ့မယ်
✏ ✏ ✏ ✏ ✏ ✏ ❆ ❆ ❆ ✏ ✏ ✏ ✏ ✏
YOU ARE READING
My heart is published (ပုံနှိပ်ထားခြင်းခံရသောကျွန်တော့်ရဲ့နှလုံးသား)
Fanfictionမေတ္တာနဲ့ချစ်တာမှာအတ္တရောနေမယ်ဆိုရင်သစ္စာဆိုတဲ့အရာကဘယ်ခိုင်မြဲပါ့မလဲ♡ ||completed||