ep 15

1.6K 184 2
                                    

"​တောက်​....​ဒါကဘယ်​လိုဖြစ်​ရပြန်​တာလဲ...."

ပတ်​တီးအဖြူ ​တွေ​ခေါင်းမှာအ​ဖွေးသားနဲ့​ဆေးရုံခုတင်​​ပေါ်မှာလှဲ​နေတဲ့ hyung ရဲ့ ​ရှေ့မှာ ​မေးခွန်းထုတ်​လိုက်​တဲ့ hyung အ​ဖေရဲ့မျက်​နှာကိုကျွန်​​တော်​မကြည့်​ရဲတာ​ကြောင့်​​ခေါင်းငုံ့ထားလိုက်​မိတယ်​......hyung ကအခုထိသတိမရ​သေးဘူး

"​ပြော​လေ...."

"ဟို...ရန်​ဖြစ်​တာပါ...ဦး​လေး..."

သားအတွက်​​သောက​တွေ​ပွေ​နေတဲ့အ​ဖေတစ်​​ယောက်​ရဲ့ ပူပင်​မှုကိုကျွန်​​တော်​နားလည်​ပါသည်​....
နောက်​ပြီး ကျွန်​​တော်​ကသာအမြဲနာကျင်​​စေခဲ့သူမဟုတ်​လား.....

"Park chanyeol မှန်​မှန်​​ဖြေ​ပါ... ဟိုတစ်​ခါအန်​ကယ့်​သားရန်​ဖြစ်​လာပြီးဒဏ်​ရာ​တွေရလာတာကလဲ...မင်း​ကြောင့်​မို့လား...."

ကျွန်​​တော်​ Mr.Wu ရဲ့မျက်​နှာကို​မော့ကြည့်​ပြီး​ခေါင်းညှိတ်​ပြလိုက်​တယ်​.....

ခွပ်​......

ထိုးလိုက်​တာအရှိန်​ကမ​သေးလှတာ​ကြောင့်​ ကြမ်းပြင်​​ပေါ်ကိုပုံခနဲလဲသွား​ပေမဲ့.... ကျွန်​​တော်​ချက်​ချင်းပြန်​ထပြီး hyung ရဲ့အ​ဖေ​ရှေ့မှာဒူး​ထောက်​ချလိုက်​တယ်​...

"​တောင်းပန်​ပါတယ်​ဦး​​လေး ​နောက်​တစ်​ခါမဖြစ်​​စေရပါဘူး..."

"အဲ့လို​နောက်​တစ်​ခါမဖြစ်​​စေရပါဘူးလို့​ပြောမယ့်​အစား...အန်​ကယ့်​သားနဲ့မ​ပေါင်းပဲတခြားသူငယ်​ချင်းနဲ့သာသွား​ပေါင်းပါ...မင်းတို့လိုရန်​ဖြစ်​ရမှာဝန်​မ​လေးတဲ့ခပ်​ဆိုးဆိုး​ကောင်​​လေး​တွေအ​ကြောင်းအန်​ကယ်​​ကောင်း​ကောင်းသိတယ်​...."

ကျွန်​​တော်​​ခေါင်းညှိတ်​ပြလိုက်​မိတယ်​....
ဟုတ်​တယ်​....hyung ကိုဒီ​လောက်​ထိဒုက္ခ​ပေးရရင်​​တော်​​လောက်​ပါပြီ​လေ....

"ကျွန်​​တော်​သတိထားပါ့မယ်​..."
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံကအပြန်​လမ်းမှာတွတ်​တီးတွတ်​တာစကား​ပြော​နေတဲ့အ​တွဲ​တွေကို​ငေးကြည့်​ရင်းကျွန်​​တွောမှာအားကျစိတ်​​တွေတဖွားဖွား​ပေါ်လာတယ်​...သူတို့​တွေက​တော့လည်းအချစ်​ကလွယ်​ကူ​ချော​မွေ့လိုက်​တာကျွန်​​တော်​တို့နှစ်​​ယောက်​ကျမှ ဘာလို့ဘဝကူးလာတာ​တောင်​ခက်​ခဲ​နေရတာလဲ.....ကျွန်​​တော့်​​ကြောင့်​များလား.....
တကယ်​ဆိုကျွန်​​တော်​လဲသာမန်​လူအ​နေနဲ့​မွေးလာခဲ့ရမှာ hyung ​ကောပဲ....
အခုမဖြစ်​သင့်​တဲ့အချစ်​တစ်​ခုအတွက်​ hyung နာကျင်​ရပြန်​ပြီ ...အရင်​က​ကော..အခု​ကော...

My heart is published (ပုံနှိပ်ထားခြင်းခံရသောကျွန်တော့်ရဲ့နှလုံးသား)Where stories live. Discover now