___________________________________ညကိုတိတ်ဆိတ်ခြင်းကဝါးမျို ထားသည် တစ်ချက်ချက်လေအဝှေ့မှာ သစ်ပင်ချင်း ပွတ်တိုက်ထိခတ် သံက လွဲရင် အရာအားလုံးက ငြိမ်သက် လို့နေသည်
Yeol ကဒါန်းကိုဖြည်းဖြည်းလွှဲရင်း အဝေးတစ်နေရာကိုငေးမောနေတာ ဘာစကားမှလည်းမပြော
ဒီအခြေအနေကို ကျွနိတော်မကြိုက်ပါ ခုဏကညစာ စားတုန်းက လည်း yeol တစ်ယောက်ဘာစကား မှမပြော ခုလည်း တိတ်ဆိတ်လို့ နေတယ်
မတတ်နိုင် စကားပြောချင်သူက ကျွန်တော်မို့ ပြောချင်သူကပဲ စကားစရတော့ မည်ပေါ့Kris # Yeol ဘာဖြစ်နေတာလဲဟင် ခုဏက ကိစ္စ ကြောင့်လား အဲ့လိုဆို ကိုယ်တောင်းပန်ပါတယ်
ကိုယ်ကဒီတိုင်းမသိလို့ ကိုင်ကြည့်မိတာပါ
စိတ်မဆိုးနဲ့နော်Yeol # hyung ကို စိတ်ဆိုးနေတာမဟုတ်ပါဘူး ကျွန်တော့ ဘဝအကြောင်း ပြန်တွေးနေတာ
Kris # yeol ရဲ့ဘဝအကြောင်း ? ကိုယ်သိခွင့်ရှိမလား
Yeol# အချိန်တန်ရင်ပြောပြမှာပါ hyung ရဲ့
Yeol ကပါးချိုင့်လေးခွက်နေအောင်ပြုံးရင်းပြောတော့
သိချင်နေတဲ့ ကျွန်တော့်မှာ ဆန့်တန့် ငန့်ငန့် နဲ့ ကြက်ကြီးလည်လိမ်ထားသလို ဖြစ် နေတော့တာပေါ့
Kris # Yeol
Yeol# အင်း.....ပြောလေ hyung ရဲ့
Kris# yeol ကိုယ့်ကိုဘယ်လိုသဘောထားလဲ ဟင်
Yeol # အန်....
Kris # ဒီစကားက ကြောင်မှန်းကိုယ်သိပါတယ် ကိုယ် တို့တွေ့တာ သိပ်မှမကြာသေးတာ ပြီးတော့ ကိုယ်တို့နှစ်ယောက်လုံးက..
Yeol # hyung ကျွန်တော်တို့အိမ်ထဲဝင်ကြရအောင် ညနက်နေပြီ
Kris# ဘယ်လို
ကျွန်တော်နားမလည်စွာပြန်မေးလိုက်မိတယ် သူကျွန်တော့ အချစ်တွေကို တန်ဖိုးမထားတာလား သူကျွန်တော့်ကို လှောင်နေတာလား ကျွန်တော် အသေအချာမသိ ကျွန်တော့်ဦးနှောက်ကို မြူတွေဆိုင်းနေသလို ခံစားရ တယ် ဒါပေမယ့် ချစ်ရသူရဲ့အမိန့်ကိုတော့ ဖြင့်ကျွန်တော် မလွန်ဆန်နိုင်ပါ
YOU ARE READING
My heart is published (ပုံနှိပ်ထားခြင်းခံရသောကျွန်တော့်ရဲ့နှလုံးသား)
Fanfictionမေတ္တာနဲ့ချစ်တာမှာအတ္တရောနေမယ်ဆိုရင်သစ္စာဆိုတဲ့အရာကဘယ်ခိုင်မြဲပါ့မလဲ♡ ||completed||