ep 18 (final)

3.1K 220 17
                                    


" chanyeol...ah......"

ကျွန်​​တော်​အပြင်​ကိုလှမ်းကြည့်​လိုက်​​တော့ gege ရယ်​​လေ....
သူ့အပြာ​ရောင်​ဝတ်​စုံကိုမပြီး....စမ်း​ချောင်းကူးဖို့ချထားတဲ့​ကျောက်​တုံး​တွေကိုခုန်​ကူးပြီး​ပြေးလာ​နေတာ.....
လက်​ထဲမှာကယပ်​​တောင်​တကားကားနဲ့......

" ge...ဘာလာလုပ်​တာတုန်းရွာပြင်​အထိ....ge ကဒီအချိန်​ရွာသား​တွေအတွက်​မိုး​ခေါ်ပွဲလုပ်​ဖို့....
ရွာလယ်​ကအ​ဆောင်​မှာရှိ​နေရမှာကို....."

ကျွန်​​တော်​လက်​ထဲကမြှားကို​ကျောကုန်းက...အိတ်​ထဲပြန်​ထည့်​ရင်း....​လေးကိုပါလွယ်​ထားလိုက်​တယ်​....

" အာ...မိုး​ခေါ်တာကတစ်​ပတ်​​လောက်​ကြာမှာ... yeol ရဲ့.... Ge ကလွမ်း​နေရမှာ...ဒါ​ကြောင့်​လာ​တွေ့တာ...."

ကျွန်​​တော်​...စိတ်​ပျက်​သလို...ကျစ်​ခနဲစုတ်​သပ်​လိုက်​မိတယ်​....
သူဒီလိုလာချင်းတိုင်းလာလို့မရ....
ပြသနာအကြီးအကျယ်​တက်​နိုင်​သည်​....

" gege ရာ...အခု yeol တို့အတူရှိ​နေတာသိရင်​ပြသနာတက်​မှာ..."

ဟုတ်​သည်​....သူကတစ်​ရွာလုံးရဲ့အားထားရာ...​ရေနဂါးရဲ့​စောင့်​​ရှောက်​ခြင်းခံရသူ....
တစ်​နည်း​ပြောရရင်​...မိုးရွာ..မိုးရပ်​ဖို့အတွက်​...သူ့အကူအညီလိုသည်​......
သူကမင်းသား​လေး...ကျွန်​​တော်​ကနတ်​ဆိုး.......
ဘယ်​လိုမှ​လိုက်​ဖက်​တာမဟုတ်​....
ကျွန်​​တော်​စိတ်​​ပြောင်းရင်​ဒုက္ခ​ပေးတတ်​တာ​ကြောင့်​...
ခုလိုရွာပြင်​ထုတ်​ခံထားရတာပဲကြည့်​....
ရွာသူရွာသား​တွေကကျွန်​​တော့်​ကိုမုန်းကြတယ်​....
ဟင့်​အင်း...ကျွန်​​တော်​ကသူတို့ရဲ့ဘိုး​ဘေးအယူမှားသူ​တွေဖန်​တီးခဲ့တဲ့....သူတစ်​​ယောက်​​လေ.....သူတို့မလွန်​ဘူးလား....
ဒါ​ပေမဲ့...​တွေးကြည့်​ပြန်​​တော့လည်းသူတို့မလွန်​ပါဘူး....ကျွန်​​တော်​ကဒုက္ခ​ပေးတတ်​တာကိုး.......

" မရဘူးကွာ..အရမ်း​တွေ့ချင်​​နေတာကို......"

ကျွန်​​တော်​သက်​ပြင်းဟင်းခနဲချပြီး.... gege
ရဲ့နှုတ်​ခမ်းပါး​တွေ​ပေါ်အနမ်းတစ်​ပွင့်​​ခြွေချလိုက်​တယ်​...နူးနူးညံ့​ညံ​လေး.......​ချွေးသိပ်​လက်​​ဆောင်​​ပေါ့...

My heart is published (ပုံနှိပ်ထားခြင်းခံရသောကျွန်တော့်ရဲ့နှလုံးသား)Where stories live. Discover now