ep - 17

1.6K 168 10
                                    

မစည်​ကားအပ်​တဲ့အရပ်​မှာလူ​တွေစည်​ကား​နေပြန်​ပါပြီ....ရွာမလိုနဲ့မှိုင်းညို့ ​နေတဲ့မိုးက...အမည်း​ရောင်​ဝတ်​လူတစ်​စုကိုအားနာဟန်​တူရဲ့....အရိပ်​ရရုံ​လောက်​ပဲအုံ့​ပေးထားပြီး...မိုးနံ့သင်း​နေတဲ့​လေနု​အေးတို့ကကလူကျီစားလို့....

Company ပိုင်​ရှင်​တစ်​​ယောက်​ရဲ့​နောက်​ဆုံးခရီးဆို​တော့လည်းလိုက်​ပို့တဲ့သူများ​ပေမ​ပေါ့....
အကုန်​လုံးရဲ့မျက်​နှာ​တွေက​တော့....​ကောင်းကင်​နဲ့အပြိုင်​မှိုင်းညှို့​နေ​လေရဲ့....

" စိတ်​ထိန်းပါကွာ....​နော်​...."

ပုခုံးကိုဖျစ်​ညှစ်​ရင်း​ပြောလာတဲ့ kai ရဲ့စကား​တွေ​ကြောင့်​ kris မျက်​ဝန်း​ထောင့်​က​နေ....မျက်​ရည်​လုံး​လေး​တချို့ကမရည်​ရွယ်​ပါပဲလိမ့်​ဆင်းသွား​လေသည်​.....

စိတ်​ထိန်းရမည်​တဲ့.....

မီးသဂြိုဟ်​စက်​ထဲကို​ရောက်​သွားတဲ့အ​ဖေဖြစ်​သူကိုကြည့်​​နေရတဲ့သားတစ်​​ယောက်​ရဲ့ခံစားချက်​ကိုသူဘယ်​လိုထိန်းရပါ့.....

"ငါ....ငါ..."

"မင်းငိုချင်​ရင်​ငိုလိုက်​​လေ...."

lay ရဲ့စကား​ကြောင့်​....သူအသံတိတ်​ပဲမျက်​ရည်​​တွေကိုလွတ်​လပ်​ခွင့်​​ပေးလိုက်​​မိတယ်​.....
ငိုပါရ​စေ.....
တစ်​ခုခုဒါမှမဟုတ်​တစ်​​ယောက်​​ယောက်​ရဲ့တန်​ဖိုးကိုဆုံးရှုံးရပြီးမှအမြဲသ​ဘော​ပေါက်​တတ်​တဲ့လူမိုက်​တစ်​​ယောက်​အ​နေနဲ့သူငိုပါရ​စေ......

ဒီမြင်​ကွင်း​တွေကိုခပ်​လှမ်းလှမ်းက​နေလှမ်းကြည့်​​နေတဲ့... အနက်​​ရောင်​ suit နဲ့​ကောင်​​လေးတစ်​​ယောက်​က​တော့....သူ့​ခြေလှမ်း​တွေကိုလာရာလမ်းအတိုင်းပြန်​လှည့်​ရင်း....

မြင်းကွင်းက​တော့ဖြင့့်.....လှပမ​နေခဲ့ပါ​လေ......
-------------------------------------------------

"လာထိုင်​သား...အန်​ကယ်​​ပြောစရာရှိလို့​ခေါ်လိုက်​တာ....."

Kris,တစ်​ချက်​ပြုံးပြရင်း....အမှုစစ်​ဆိုသူညွှန်​ပြ​သော​နေရာမှာဝင်​ထိုင်​လိုက်​သည်​....

My heart is published (ပုံနှိပ်ထားခြင်းခံရသောကျွန်တော့်ရဲ့နှလုံးသား)Where stories live. Discover now