Zawgyi Version
အေးစိမ့်စိမ့် အထိအတွေ့တစ်ခုကြောင့် ကျွန်တော် နိုးလာသည်! မျက်လုံးများပွတ်သပ်ကြည့်မိတော့ စောစောက ကျွန်တော် အိပ်နေတဲ့ အခန်းနဲ့မတူတော့သလိုလို!? အခန်းထောင့်တွေမှာ အပြာရောင် မီးတောက်ကလေးတွေတွေ့နေရသည်!
*( ဒါ ဒါဘယ်နေရာလည်း?)
အတွေးတို့က ဇဝေဇဝါ! ပတ်ဝန်းကျင်လေထုက စိမ့်စိမ့်လေးအေးနေ၍ ကျွန်တော့် ဝတ်ရုံဖားဖားကို ဆွဲစိထားမိသည်!"Shijou ကောင်လေး"
နောက်တဲ့တဲ့ ဆီမှ ကြားလိုက်ရတဲ့ အေးစက်စက်အသံကြောင့် ကျွန်တော် တကိုယ်လုံး မွေးညှင်းတွေထောင်ထလာသည်!
"ဘယ် ဘယ်သူလည်း?"
ကျွန်တော် တုန်တုန်ယင်ယင်နဲ့ နောက်ကိုလှည့်ကြည့်လိုက်တယ်!
အခန်းထောင့်က အပြာရောင်မီးတောက်ကလေးတွေရဲ့ အလင်းရောင်နဲ့ ကျွန်တော်မြင်လိုက်ရတာ ငွေမှင်ရောင် ဆံနွယ်ရှည်တွေ.............."Koko...no..e sama"
Kokonoe sama က လက်ထဲက ယပ်တောင်ကို ခေါက်လိုက်ပြီး ကျွန်တော် မေးဖျားကို ပင့်ယူလိုက်သည်!
"ah~"
ရုတ်တရက် နီးကပ်သွားတဲ့ မျက်နှာနှစ်ခု ..........
ကျွန်တော် အာခေါင်တွေခြောက်ကပ်လာတယ် ! Kokonoe sama ရဲ့ သူငယ်အိမ်ကျဉ်းကျဉ်း အပြာရောင်မျက်လုံးတို့က ကျွန်တော် တကိုယ်လုံးကို ထိုးဖောက်ကြည့်နေသယောင်!"ဘာလို့ စတေးခံက ယောကျာ်းလေးဖြစ်နေတာလည်း ? မင်းတို့ Shijou တွေ ငါ့ကို မလှိမ့်တပတ်လုပ်နေတာလား? ဟမ်?"
အေးစက်စက် တစ်လုံးချင်းမေးလိုက်သံက ကျွန်တော့်ကို အေးခဲသွားစေသည်!
"မ မဟုတ်...."
ရှိသမျှ အားအင်တို့ကို စုစည်းပြီး ကျွန်တော် ပြန်ရှင်းပြဖို့ကြိုးစားတယ် ! ဒါပေမယ့် စကားလုံးတို့က တဝက်တပျက် မပီမသ ဖြစ်နေတယ်! စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းပြီး အသက်ဝဝရှုကာ.........
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^