Zawgyi Version
*Yawn*
မနက် ကျွန်တော်နိုးလာတော့ နေရောင်ခြည်တချို့တောင် အခန်းထဲကျရောက်လို့နေပြီ! ကျွန်တော် အိပ်ယာပေါ်က ထထိုင်လိုက်တယ်!
"အာ ထူးဆန်းတယ်!??"
မနေ့က တစ်လျှောက်လုံးနာကျင်နေတဲ့ ခါးက အခုတော့ သူမဟုတ်သလိုပဲ!
"သေချာ အနားယူလိုက်လို့ပျောက်သွားတာလား? ထူးဆန်းတယ် ! အဲ့ဒါထက် ညက အိမ်မက်ကပိုထူးဆန်းတယ်"
အိမ်မက်ထဲမှာ Kokonoe sama က လက်တစ်ဖက်နဲ့ ကျွန်တော့်ကို သိုင်းဖက်ထားတယ်! ကျန်တဲ့ လက်သည်းချွန်ချွန်တွေနဲ့လက်တစ်ဖက်က ကျွန်တော့်ဝတ်ရုံကို အသာ ဖယ်ချကာ ကျောပြင်ကို မှတဆင့် ခါးဆီကို ခပ်ရွရွပွတ်သတ်လို့နေသည်! ကျွန်တော် နေရခက်စွာ Kokonoe sama ကို သိုင်းဖက်ထားလိုက်မိသလိုပဲ! တဆစ်ဆစ်နာကျင်နေတဲ့ခါးက Kokonoe sama ရဲ့ လက်ချောင်းတွေအောက်မှာ နာကျင်မှုလျော့ပါးလာသလိုလို !အဲဒိနောက် Kokonoe sama က ကျွန်တော့်ကို ကုတင်ပေါ်လှဲချစေပြီး ကျွန်တော့်ခါးထက်ဆီ ခပ်ဖွဖွ အနမ်းလေးပေးသွားသည်!
"Arrrrrrrrrrrrrrrrrrrrrrrrrrr!!!!!!"
အိမ်မက်ကို အမှတ်ရမိခြင်းက ကျွန်တော်ကို အထိန့်တလန့်အော်လိုက်မိစေတယ်!ခါးကို အမှတ်တမဲ့ကိုင်ထားမိရင်း ကျွန်တော့်မျက်နှာတွေထူပူလာသည်!
"ဟင့်အင်း ဟုတ်သေးပါဘူး အိမ်မက်ပဲဖြစ်မှာပါ အိမ်မက်! "
ကျွန်တော် ဘေးဘီကို ပြူးပြဲကြည့်မိသေးသည်! Kokonoe sama များ ကျွန်တော့် အဖြစ်ကို တစ်နေရာရာက ကြည့်ပြီးလှောင်ရယ်နေမလားလို့! ကျွန်တော်ကတော့လေ အိမ်မက်လေးတစ်ခုနဲ့တင်ကို နှလုံးပြုတ်ကျမတတ် ရင်တွေခုန်နေမိတာ!
ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေပါ! အခန်းထောင့်မှာ Tenri ကတော့ ကျွန်တော်လုပ်ပေးထားတဲ့ ခြင်းကလေးထဲမှာ အိပ်မောကျနေတယ်! ကျွန်တော် Tenri ကို ခပ်ဖွဖွ ပွတ်သတ်မိတော့ ချစ်စဖွယ် တစ်ချက်လူးလွန့်ပြီး ကိုယ်လုံးသေးသေးလေးကို လုံးပြီး အိပ်နေတယ်! ကျွန်တော် အခန်းတံခါးကို အသာပိတ်ပြီး Kokone sama အဆောင်တော်ဆီထွက်လာခဲ့သည်!
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^