Chapter 15

18.1K 1.7K 7
                                    

Zawgyi Version

ကျွန်​​တော်​​ရှေ့က Tenri ကို ကိုင်​လှုပ်​ရင်း ကျွန်​​တော်​​ငို​ကြွေး​နေမိသည်​! ကျွန်​​တော်​ ဘယ်​​လောက်​ အသုံးမကျလိုက်​ပါသလည်း!? Tenri က ကျွန်​​တော်​​ကြောင့်​......

"Tenri!!!!! သတိထားလို့​ပြော​နေတယ်​"
ကျွန်​​တော့်​အသံ​တွေ တုန်​ယင်​​နေသည်​!

"​ခေါ်မ​နေနဲ့ Iori မင်းရဲ့ Tenri က ​သေသွားပြီ"

Aragami ရဲ့ ထိုစကားသံကိုကြားရတာ ကျွန်​​တော်​ကို မိုးကြိုးအစင်းတစ်​ရာ ပစ်​ချလိုက်​သလိုပဲ!

**မ..မဖြစ်​နိုင်​တာ..ဟင့်​အင်း Tenri က ဘာလို့​သေရမှာလည်း???**

"ARRRAAAGAAMIIIIIIII"

ကျွန်​​တော်​ ကြုံး​အော်​လိုက်​သည်​! ကျွန်​​တော်​ စိတ်​တို့လွတ်​သွားတယ်​ထင်​တယ်​! ကျွန်​​တော့်​​ရှေ့က Tenri ရဲ့ ရင်​ဘတ်​​ပေါ်က ဓား​မြှောင်​ကို ဆွဲနှုတ်​လိုက်​ပြီး Aragami ကို ထိုးစိုက်​လိုက်​သည်​!

"အ~"

Aragami က အသာတိမ်း​ရှောင်​လိုက်​ပြီး ကျွန်​​တော့်​လက်​​တွေကို ​နောက်​ကို လိမ်​ချိုးလိုက်​ကာ လက်​ထဲက ဓား​မြှောင်​ကိုလွတ်​ကျ​အောင်​လုပ်​လိုက်​သည်​!

"လွတ်​စမ်း .. လွတ်​ ! Aragami ငါ မင်းကို သတ်​မယ်​!"
" Ho.. သိပ်​လည်း​ဒေါသမကြီးပါနဲ့ Iori မင်းနဲ့မလိုက်​ဘူး"
"arrrrrrrrrrrrrrr~"
"ငြိမ်​ငြိမ်​​နေလို့​ပြော​နေတယ်​"
"Kokonoe sama!!!!!!!"
"ဒီပါးစပ်​ကို ပိတ်​ဆို!"

"Aragami မင်း​တော်​​တော်​အတင့်​ရဲ့ပါလား?"
*Shock*
ဒီ​အေးစက်​စက်​ ရှတတအသံရှင်​က ...........

"Kokonoe sama!"
"​အော်​ မင်း​ရောက်​လာပြီကို"
Aragami က ခနိုးခနဲ့​လေသံနဲ့​ရေရွတ်​​ရင်း ကျွန်​​တော့်​ကို ​ဆောင့်​တွန်းလိုက်​သည်​! ကျွန်​​တော်​ Kokonoe sama ​ရှေ့ကို လဲကျသွားသည်​! Kokonoe sama က ကျွန်​​တော့်​ကို ငြင်​သာစွာဆွဲထူလိုက်​သည်​! ကျွန်​​တော်​ Kokonoe sama လက်​ကိုဆွဲရင်း​ပြောမိတယ်​.....

"Kokonoe sama Tenri Tenri​လေ...."
ကျွန်​​တော့်​စကားသံ​တွေ အဖျားတိမ်​ဝင်​သွားသည်​!

Kokonoe sama က Tenri ရှိရာဆီတစ်​ချက်​လှမ်းကြည့်​တယ်​! Tenri က တုတ်​တုတ်​မျှ မလှုပ်​! ငြိမ်​သက်​စွာ လဲ​လှောင်း​နေသည်​! Kokonoe sama ရဲ့ အပြာ​ရောင်​ မျက်​ဝန်း​တွေက အနီ​ရောင်​အဖြစ်​​ပြောင်းသွားသည်​! Aragami ရှိရာဆီ Kokonoe အကြည့်​တို့ ပြန်​အ​ရောက်​မှာ​တော့.......

Love LegendWhere stories live. Discover now