Zawgyi Version
ကြည်လင်တဲ့ကောင်းကင်ရယ် သာယာတဲ့ ရာသီဥတုရယ်က တောအုပ်ရဲ့ မနက်ကို သစ်လွင်တောက်ပစေသည်!အခုဆိုရင် ကျွန်တော့်ရဲ့ဝတ်ရုံဖားဖားကို မြှောက်ရင်း သစ်ရွက်တွေပေါ်နင်းလျှောက်ရတဲ့ အရသာကို စွဲလမ်းတတ်နေပြီ! မနက်နိုးထလာတိုင်း Kokonoe sama ကြိုက်တဲ့ သကြားကပ်အချိုမုန့်လေးတွေလုပ်ပြီး နန်းဆောင်မှာ သွားသွားထားတတ်နေပြီ!တောအုပ်ရဲ့ နေရာအားလုံးကို ခရေစေ့တွင်းကျ အလွတ်ရနေပြီ! Tenri ရဲ့ အပေါ်ယံ ခနိုးခနဲ့ စောင်းချိတ်သံနဲ့ အတွင်းက ကြင်နာတတ်မှုကို လည်း လှမ်းမြင်တတ်ပြီ! Kokonoe sama ရဲ့ တိတ်တဆိတ်နွေးထွေးမှုလေးတွေကိုလည်း ကျွန်တော် နှလုံးသားနဲ့ ခံစားနားလည်နေမိပြီ!
"arrrrrr ကျွန်တော်ရဲ့ လောကကြီးက အားလုံးပြီးပြည့်စုံတယ်လို့ ခံစားမိနေတယ် "
ကျွန်တော့်လက်တွေကို ဖြန့်ကားဆန့်တန်းရင်း ကောင်းကင်ကို မျက်နှာမူကာ တစ်ယောက်ထဲပြောနေမိတယ်!
"ဘာတွေလျှောက်အော်နေတာတုန်း!"
"အယ်~ အ Tenri ?"
"Kokonoe sama ခေါ်နေတယ် အရူးလိုတောထဲမှာလျှောက်အော်မနေနဲ့ hump"Tenri က ကျွန်တော့်ကို အော်ပြောပြီး လှည့်ထွက်သွားသည်! Tenri ရဲ့ကျောပြင်ကို ကြည့်ရတာ လေထဲလွင့်မျောနေတဲ့ခရမ်းရောင် ခေါင်းလောင်းပွင့်လေးလိုပဲ!ကျွန်တော်ပြုံးလိုက်မိသည်! ကျွန်တော့်ဘဝက အဲ့ဒီလို အထီးမကျန်တော့ပဲ သာယာနေခဲ့ပြီလေ! ကျွန်တော် ဝတ်ရုံဖားဖားကို မြှောက်ပြီးပြေးလာမိပြန်တယ်! Kokonoe sama မြင်ရင် "ပြေးပြန်ပြီလား Iori " ဆိုပြီး မျက်လုံးတွေမှေးကျဉ်းကာပြောနေအုံးမယ်ထင်တယ်!
ခန်းမကျယ်ကြီးကိုဖြတ် ဘယ်ဖက်ကိုချိုး ပထမဆုံးတွေ့တဲ့အခန်းရဲ့ တံခါးချပ်ကိုတွန်းဖွင့်ရင်း အခန်းထဲကို အလျင်စလိုဝင်လိုက်တယ်!
"Kokonoe sa...ma~ whaaaaa ah~"
*ဝုန်း*
"အား ~ နာတယ်"ကျွန်တော့်ရဲ့ မရိုးနိုင်တဲ့ ထုံးစံအတိုင်း ဝတ်ရုံစကိုတက်နင်းမိပြီး မှောက်လျက်လဲကျသွားသည်!
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^