Zawgyi Version
"ဒီနေ့မိုးနံ့ရနေတယ်....နော့် Tenri.!?"
*(မိုးနံ့ရတာ ငါက ဘာလုပ်ပေးရမှာတုန်း ကောင်စုတ်လေးရဲ့)*"Tenri မိုးရွာတာကြိုက်လား?"
*(စကားကိုများတယ်)*"ငါတော့ မိုးရွာတာကြိုက်တယ် ! ဒါပေမယ့် မိုးခြိမ်းရင်တော့ သိပ်ကြောက်တာပဲ"
*( မိုးခြိမ်းပါစေဗျာ)*"Tenri!!!!!!!!!!!!! ငါ့ကို စကားလေးဘာလေးပြန်ပြောအုံးလေ"
"NYAAAAAAAAAAAA!!!!!!"
*( အရူးးးးးးးးးးးးးးးးးးးးးးး)*"ဟားဟားဟား အကျယ်ကြီးပဲပြန်ထူးတယ်"
ကျွန်တော်ရယ်မောနေမိတယ် ! Tenri က ကျွန်တော်ကို စိတ်ပေါက်ပေါက်နဲ့များပြန်အော်သလား ဒါမဟုတ် ကျွန်တော်မေးတာတွေကို ပြန်ဖြေသလား? ဘာမှန်းတော့မသိပေမယ့် ကျွန်တော်ပျော်ပါသည်! Tenri ကို ကျွန်တော် ချစ်တယ် ! သူက သိပ်ချစ်စရာကောင်းသည်! အမွှေးဖြူဖြူနုနုလေးတွေနဲ့ ခရမ်းရောင် မျက်လုံးကြည်ကြည်လေးတွေနဲ့ ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ Tenri ကို ကျွန်တော်ချစ်တယ်!
ပြတင်းပေါက်ကို လှမ်းမျှော်ကြည့်နေတဲ့ Iori နောက်ကျောကို ကျွန်တော်ကြည့်နေမိတယ်! ဒီကောင်လေးနဲ့ ကျွန်တော်တူတူရှိနေတာ အတော်ကြာပြီ သူက တခါတခါ အူကြောင်ကြောင်နိုင်သလို တခါတခါပျော့ညံ့ပြီး တခါတခါ ကျ အရာရာကို ကာကွယ်ပေးချင်နေတတ်တယ်! သူမတတ်နိုင်မှန်းသိရက်နဲ့ တခါတခါ ခေါင်းမာစွာ တဇွတ်ထိုးလုပ်တတ်တဲ့ ဥာဉ်လေးလည်းရှိတယ်! Kokonoe sama က အဲ့ဒါကြောင့်များ သူ့ကို အထူးတလည်စိတ်ဝင်စားနေသလားမသိတော့ပါ! အဲ့ဒီအကြောင်းတွေးမိရင် ကျွန်တော်ရင်ထဲက တဆစ်ဆစ်ကိုက်လာသည်!
*( Iori မင်းကို ငါမုန်းတယ် ဒါပေမယ့် အဲ့ဒီအမုန်းတွေ တဖြည်းဖြည်းလျော့လျော့လာတဲ့အတွက် ငါ့ကိုငါပိုမုန်းတယ်! ငါကလေ သေတဲ့ထိ မင်းကို မုန်းပြီးနေသွားချင်တာ ! အခုတော့....)*
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^