Chapter 16 *(Final)*

24.2K 2K 15
                                    

Zawgyi Version

"Iori! Iori!!!! "

arr ကျွန်​​တော်​ကို ​ခေါ်​နေသလိုပဲ! အသံက ဟိုးအ​ဝေးကြီးက​နေလာ​နေသလိုပဲ! ဘယ်​သူလည်း ကျွန်​​တော်​ကို​ခေါ်​နေတာ ဘယ်​သူလည်း!??

ကျွန်​​တော်​ ဘယ်​​နေရာမှန်းမသိတဲ့ ​နေရာတစ်​ခုမှာ စမ်းတဝါးဝါး​လျှောက်​သွား​နေမိသည်​! ပတ်​ဝန်းကျင်​တစ်​ခုလုံးကလည်း မြူ​တွေဆိုင်းလို့ ဘာမှမသည်းကွဲ​ချေ! ကျွန်​​တော်​နားထဲမှာ ​ခေါ်သံကို အဆက်​မပြတ်​ကြား​နေရသည်​!

*ချွင်​ ချွင်​ ချွင်​*

လေထဲမှာ ခြူသံ​လေး​တွေပါ​ရောပါလာတယ်​! ကျွန်​​တော်​ ခြူသံ​လေး​တွေရှိရာဆီမှန်းပြီး​လျှောက်​ခဲ့သည်​!

"Iori! Iori"

ကျွန်​​တော့်​နာမည်​ကို ​ခေါ်သံထပ်​ကြားရပြန်​တယ်​! arrrrrr ဘယ်​သူ​ခေါ်​နေတာလည်း! ? ကျွန်​​တော့်​​ဘေးနားက ​ငွေ​ရောင်​ ဆံနွယ်​​တွေ! ကီမိုနို အပြာ​ရောင်​နဲ့ တစ်​​စုံတစ်​​ယောက်​ဖြတ်​သွားသလို! ဘယ်​သူလည်း အဲ့ဒါ? ကျွန်​​တော့်​​ခေါင်းက ဘာမှ​တွေးမရဘူး! ကျွန်​​တော်​​ရှေ့ကိုသာ ဆက်​​လျှောက်​လာမိသည်​! ကျွန်​​တော်​​ရှေ့ဆီမှာ လှမ်းမြင်​ရတာ သစ်​ပင်​တစ်​ပင်​! ဟုတ်​တယ်​ ချယ်​ရီပင်​တစ်​ပင်​! ပင်​လုံးကျွတ်​ပွင့်​​နေတဲ့ ချယ်​ရီ​တွေ! ​လေတစ်​ချက်​အ​ဝှေ့မှာ ချယ်​ရီပွင့်​ချပ်​​လေး​တွေက ​မြေပြင်​​ပေါ်​ကြွေဆင်း​နေသည်​! ချယ်​ရီပင်​​အောက်​ မှာ လူတစ်​​ယောက်​ရှိ​နေ​သေးတယ်​! ဘယ်​သူလည်း? ကျွန်​​တော်​ ထိုသူရှိရာဆီတိုးကပ်​သွားလိုက်​တယ်​!

"Iori ​? မင်းက ဒီမှာရှိမ​နေသင့်​​သေးဘူး​လေ !"
"..........."
အပင်​​အောက်​က မိန်းမပျို​လေးက နူးညံ့စွာပြုံးရင်း​ပြော​နေတယ်​!

"အမက ဘယ်​သူလည်း ကျွန်​​တော့်​ကို ဘယ်​လိုလုပ်​သိတာလည်း ​နောက်​ပြီးဒီ​နေရာက ဘယ်​​နေရာလည်း"
သူမက ကျွန်​​တော့်​​မေးခွန်း​တွေကိုပြုံးပြီး ပြန်​​ဖြေတယ်​!

"ဒါ ​နောက်​ဘဝကို သွားဖို့ လမ်းခုလပ်​ပဲ​လေ"
"ဒါဆို ကျွန်​​တော်​က​သေသွားတာလား?"
"ဒါက​တော့ မင်း​ပေါ်မှာမူတည်​တယ်​"
"ဘယ်​လို?"

Love LegendWhere stories live. Discover now