Zawgyi Version
*Yawn*
"အာ ငါဘယ်ကိုရောက်? ဟင်.....?"
အခန်းထောင့်တိုင်းမှာ အပြာရောင် မီးတောက်ကလေးတွေရှိနေပြန်သည်!
"ဒါ......"
အတွေးတို့ မဆုံးခင် ကျွန်တော်ရှေ့တည့်တည့်မှ အပြာရောင်မီးတောက်လေးတွေကြားက Kokonoe sama လှမ်းထွက်လာသည်!"hump သနားစရာပဲ"
အေးစက်စက် ခနိုးခနဲ့သံနှင့် စူးရှရှအကြည့်တို့ကြောင့် ကျွန်တော်တကိုယ်လုံးတောင့်တင်းလာသည်! မျက်လုံးရှေ့က Kokonoe sama ကို ကြည့်ရင်း ကျွန်တော်အာစေးမိနေသလိုပဲ! Kokonoe samaရဲ့ အပြာရောင် ကီမိုနို ဆီက ခြူသံလေးတွေ အခန်းထဲ ပျံလွင့်နေသည်က ကျွန်တော်ကို ထိုင်းမိုင်းလာစေသလိုပဲ! Kokonoe samaက လက်ထဲက ယပ်တောင်ကို ပိတ်လိုက်ရင်း......
"Shijou ကောင်လေး မင်းဝတ်ရုံကို လှပ်လိုက်စမ်း!!!"
".....ဗျာ????????"
ရုတ်တရက် ကျွန်တော်တကိုယ်လုံးထူပူလာပြီး နှလုံးခုန်သံတို့က ဆောက်တည်ရာမရ ဖြစ်ကုန်ပြီ!*Tsk*
Kokonoe sama ရဲ့ မျက်ခုံးနှစ်ဖက်က တွန့်ကွေးသွားပြီး မျက်နှာမှာ အလိုမကျမှုတွေပေါ်လာသည်! Kokonoe sama က ကျွန်တော်ခြေချင်းဝတ်ကို လက်ထဲက ယပ်တောင်နဲ့ ဆတ်ခနဲခေါက်ချလိုက်တယ်!"အ~"
ရုတ်တရက်နာကျင်သွားတဲ့ ခြေချင်းဝတ်ကို ဆုတ်ကိုင်ရင်း ကျွန်တော်မျက်ဝန်းထောင့်စွန်းမှာ မျက်ရည်စလေးတွေဆို့လာသည်!"ပျော့ညံ့လိုက်တာ လှန်စမ်းအပေါ်ကို !!"
Kokonoe sama က ကျွန်တော်ခြေထောက်ကို အုပ်နေတဲ့ ကျွန်တော်ရဲ့ ဝတ်ရုံစကို ဖယ်ခိုင်းနေတယ်! ကျွန်တော် တဆတ်ဆတ်တုန်နေတဲ့ ကျွန်တော်ရဲ့လက်တစ်စုံနဲ့ ဝတ်ရုံစကို ဆွဲမလိုက်သည်!"အ~ Ko Kokonoe sama"
ရုတ်တရက် Kokonoe sama က ကျွန်တော်ခြေထောက်ကို ဆွဲမလိုက်ရာ ကျွန်တော် ဟန်ချက်ပျက်ပြီး နောက်ကို လန်ကျသွားတယ်!
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^