Zawgyi Version
တံတား အလယ်မှ အနည်းငယ်ကျော်လာသည်နှင့် ပတ်ဝန်းကျင်လေထုက အစပြောင်းလို့သွားသည်! ကျွန်တော် နောက်ပြန်လှည့်ကြည့်မိတော့ ကျန်ခဲ့သည့် မြစ်တစ်ဖက်ကမ်းက မြူတို့စိုင်းလို့!
"?????"
"ငါ ဟိုဖက်ကကြည့်တော့ ဒီဖက်က မြူတွေစိုင်းနေတာပါ ခုကြတော့...... အင်း ဒီဖက်က ပူသလိုပဲ!"ကျွန်တော် ဝတ်ရုံလက်မောင်းကို အနည်းငယ်ပင့်တင်လိုက်တယ်! နောက်ပြန်လှည့်ရင်ကောင်းမလား စဉ်းစားမိပေမယ့် ခြေလှမ်းတို့က ရှေ့ဆက်နေမိသည်! မြစ်ဒီဖက် အခြမ်းက ဟိုဖက်နှင့်လုံးဝမတူ ! သီးခြားနယ်မြေတစ်ခုကိုရောက်လာသလိုပဲ! စောစောက ကြားခဲ့တဲ့ ခြူသံလေးလည်း ဘယ်ဆီကိုရောက်သွားပြီလည်းမသိ ကျွန်တော့်စိတ်ထဲ အနည်းငယ် မသိုးမသန့်ဖြစ်လာတယ်!
*( ငါ ပြန်လှည့်မှထင်တယ်........)*
လေပြင်းပြင်းက ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်သည်! သစ်ရွက်ခြောက်တွေသာမက အပင်ပေါ်က သစ်ရွက်စိမ်းတချို့ပါ လေနောက်လွင့်ပါသွားကြတယ်! ကျွန်တော် ဝတ်ရုံဖားဖားကို ဖိထားရင်း မျက်လုံးစုံမှိတ်ထားမိသည်!
"အာ လေကလည်းကြမ်းလိုက်တာ? ငါပြန်တာကောင်းမယ် ! ဘယ်လိုနေရာမှန်းမသိ...."
တစ်ယောက်ထဲရေရွတ်ရင်း နောက်ပြန်အလှည့်.......
"ဟော် ....... ဘယ်က လူသားက ငါ့ပိုင်နက်ထဲရောက်နေတာလည်း?"
ကျွန်တော့်နောက်ကျောဆီမှ အေးစက်စက် မထီသလိုအသံကြောင့်
တကိုယ်လုံးတောင့်တင်းသွားသည်!*( ဘာလည်း? ဘယ်သူလည်း ????? ဒီ ဒီနေရာမှာ လူမှမရှိတာ? ပိုင်နက် ဆိုလား? ဒါ Kokonoe sama ရဲ့ ပိုင်နက်မဟုတ်ဖူးလား မဟုတ်မှလွဲရော ဒါ.......)*
ကျွန်တော် အတွေးတို့နဲ့ ရှုပ်ရှက်ခတ်နေစဉ် ခြေသံက ကျွန်တော့်နောက်မှတိုးကပ်လာသည်! ကျွန်တော်နောက်လှည့်မကြည့်ရဲဘူး !
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^