Zawgyi Version
"Arrrrrrrrr ~ @ @"
နွေရာသီ ရဲ့ အပူချိန်က ပြင်းလွန်းသည်! အဆောင်ထဲမှာနေနေပေမယ့် ကျွန်တော် အငွေ့ပျံချင်ချင်ဖြစ်လာတယ်! ဝတ်ရုံဖားဖားကို မဝတ်ရရင်ကောင်းမှာပဲ! Kokonoe sama တို့ spirit တွေရော အပူဒဏ်ကို ခံစားရလားမသိ!?
"အင်း အဆောင်ထဲနေတာပဲဟာ တစ်ထပ်လောက်ချွတ်ထားတာ ဘာမှမဖြစ်လောက်ပါဘူး"
ကျွန်တော် ဝတ်ရုံခါးစည်းကို ဖြေချလိုက်တယ်! ကိုယ်ပေါ်က အနီရဲရဲ ဝတ်ရုံလေးလျှောကျသွားသည်!
ကျွန်တော်ဘေးဘီကို အသာလှည့်ကြည့်လိုက်တယ်! ဘယ်သူမှမရှိ!"နောက်တစ်ထပ်လောက်လည်းဘာမှမဖြစ်လောက်ဖူးမို့လား ? ဟာဟ"
ဒုတိယတစ်ထပ် ထပ်မံလျှောကျသွားသည်!
"ခုမှနေရတာအဆင်ပြေလာတယ် ဟီး! အပေါ်ပိုင်းချွတ်ထားလည်းရတာပဲ"
ကျွန်တော် ကိုယ်ပေါ်က နောက်ဆုံးဝတ်ရုံတစ်ထပ်ကို ပုခုံးဆီကလျောချလိုက်သည်!
"Iori !? ဘာလုပ်နေ........!အာ...? Ho..!!"
"arrrrrrrre Ko..Kokonoe sama ဘာ ဘာလာ..လုပ်..!"ရုတ်တရက် အခန်းထဲလှမ်းဝင်လာသော Kokonoe sama ကြောင့် ကျွန်တော် ဝတ်ရုံပါးပါးကို ပြန်ဆွဲစိလိုက်ရင်းအော်ဟစ်လိုက်တယ်!Kokonoe sama က သူ့ရဲ့ ယပ်တောင်ကို ခေါက်လိုက်ပြီး ကျွန်တော်ဆီကို တစ်လှမ်းချင်းတိုးလာသည်! Kokonoe sama ရဲ့မျက်နှာပေါ်မှာ ညစ်ကျယ်ကျယ်အပြုံးလေးကို လှမ်းမြင်နေရတယ်!
ကျွန်တော် နောက်ကို ဖြေးဖြေးချင်းဆုတ်သွားမိသည်! Kokonoe sama က တဖြည်းဖြည်းတိုးလာတယ်!
*( ဟင့်အင်း ဘာ ... ဘာလုပ်မလို့လည်း Kokonoe sama)*
ကျွန်တော် ခြေထောက်က ကုတင်ကို ထိကပ်မိပြီး ကျွန်တော့်မှာ နောက်ထပ်ဆုတ်စရာမရှိတော့ဘူး! တဖြည်းဖြည်းနီးကပ်လာတဲ့ Kokone sama ဆီက မွှေးရနံ့တစ်ခုလွင့်ပျံနေသလို!ထိုမွှေးရနံ့က ကျွန်တော်ကို ငြီးစီစီဖြစ်လာစေတယ်! ရုတ်တရက် မော့အကြည့် နီးကပ်လွန်းတဲ့ Kokonoe sama ကြောင့် ကျွန်တော်ကုတင်ပေါ်ထိုင်ကျသွားသည်! Kokonoe sama က သူ့လက်ထဲက ယပ်တောင်ကို ဘေးကို ပစ်ချလိုက်တယ်! ပြုတ်ကျသွားတဲ့ ယပ်တောင်ကလေးကို ကျွန်တော်ကြည့်နေမိစဉ်မှာပဲ Kokonoe sama ရဲ့ လက်သည်းချွန်ချွန်တွေရှိတဲ့ လက်ချောင်းတို့က ကျွန်တော့် ဝတ်ရုံကို ဆွဲစိထားတဲ့ ကျွန်တော်လက်တွေကို ဖယ်ချနေသည်!
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^