Zawgyi Version
"အား ...... ကျွတ် ကျွတ်"
ကျွန်တော့်တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်နေပြီး ခေါင်းတစ်ခုလုံးလည်း ချာချာလည်နေတယ်! ကျွန်တော် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်သည်!"ဘယ် ဘယ်နေရာလည်း?"
မှုန်ဝါးဝါးမြင်နေရတဲ့ နေရာက အခန်းတစ်ခုလိုလို! အရာရာ အနီရောင် လွှမ်းနေသည်! Kokonoe sama ရဲ့ အခန်းလို အခန်းထောင့်က အပြာရောင် မီးတောက်ကလေးတွေအစား အနီရောင် မီးတောက်ကလေးတွေတွေ့နေရတယ်!
ကျွန်တော် ဘယ်ကိုရောက်နေတာလည်း? နောက်ဆုံးမှတ်မိလိုက်သည်က.............
"အားးးးးးးးးး"
ကျွန်တော်ကြောက်လန့်တကြားထထိုင်လိုက်တယ်! ကျွန်တော် ချောက်ထဲပြုတ်ကျသွားတာလေ ! အခု အခု ဘယ်လို ဘယ်ကို.......ကျွန်တော် အတွေးတို့နဲ့ ဘေးဘီကို ပြူးပြဲကြည့်နေစဉ်.....
"အိုး မင်းနိုးလာပြီပဲ"
အထက်စီးဆန်ဆန် အသံတစ်ခုက ကျွန်တော် နား နားမှကပ်လျှက်ကြားလိုက်ရတယ်!"A Aragami?"
"မင်း မှတ်မိသားပဲ ခေါင်းတော့ထိပုံမရဘူး"
"ဗျာ ?"
"Hahahhhahahah"
ဖြူစုပ်သွားတဲ့ကျွန်တော်မျက်နှာကိုကြည့်ပြီး Aragami က သဘောကျစွာ ရယ်မောလိုက်တယ်!
"မကြောက်ပါနဲ့ မင်း ချောက်ထဲ တကယ်ပြုတ်မကျပါဘူး တကယ်သာကျသွားရင် အခုလောက်ဆို မင်းအရိုးတခြား အသားတခြားဖြစ်ပြီ"
"ဟို ခင်ဗျား ကျွန်တော့်ကို ကယ်လိုက်တာလား?"
"အင်း ဆိုပါတော့ ...... မင်းက စိတ်ဝင်စားစရာကောင်းတယ်လေ"Aragami က ညစ်ကျယ်ကျယ်ပြုံးရင်း ကုတင်နားတိုးလာသည်! ကျွန်တော် ကုတင်ပေါ်မှာ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ခြုံ့ထားမိတယ်!
"ကျွန်တော်ကို စားမလို့လားဟင်"
"အာ... Ahahahahahahahahahaha"
Aragami က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး......
"အဲဒါကြောင့်မင်းကို စိတ်ဝင်စားစရာကောင်းတယ်လို့ပြောတာ Hahaha ငါမင်းကိုမစားပါဘူး စားလိုက်ရင် ဘယ်ပျော်စရာကောင်းတော့မလည်း? အင်း နည်းနည်းတော့ ဆော့ကစားအုံးမှပေါ့ ! ဥပမာ ကြောင်တွေက သူတို့ အစာကြွက်ကလေးကိုမစားခင်လိုလေ!"
ကျွန်တော် ကြောက်နေလျှက်က ဒေါသထောင်းခနဲထွက်သွားမိသည်!
YOU ARE READING
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^