Chapter 14

19.1K 1.8K 7
                                    

Zawgyi Version

လက်​ထဲက Tenri ကို အသာ​အောက်​ကို ချ​ပေးရင်း ကျွန်​​တော့်​အ​ဆောင်​​လေးဆီပြန်​လာခဲ့တယ်​! ကျွန်​​တော်​​ပျော်​တယ်​ သိလား? ကျွန်​​တော်​​ဘေးမှာ ကျွန်​​တော့်​ကို ဂရုစိုက်​တဲ့သူ​တွေရှိ​နေလို့​လေ!

လမ်းတစ်​​လျှောက်​က ​မြေ​ပေါ်​ကြွေကျ​နေတဲ့ သစ်​ရွက်​က​လေး​တွေမှာ ​စော​စောက မိုး​ရေစက်​​တွေ စိုစွတ်​​နေတယ်​! ကျွန်​​တော်​ ဝတ်​ရုံအနားစကို အသာမရင်း ​လျှောက်​လာခဲ့သည်​! ​ဘေးက Tenri က​တော့ ​သူ့လက်​ဖဝါး​သေး​သေး​တွေ ရွံ့​ပေမှာ စိုးရိမ်​​နေဟန်​ရှိတယ်​!

"Tenri ငါတို့ ဘာလုပ်​ကြရင်​​ကောင်းမလည်း? Kokonoe sama ပြန်​လာရင်​ အံ့သြသွား​အောင်​ ပန်း​တွေခူးပြီး သူ့အ​ဆောင်​ထဲသွားထားကြမလား?"
"nyaaa nyaaa~"
*( အရူးလား မင်း Kokonoe sama ကို ဘာများမှတ်​​နေတုန်း ပန်း​တွေသွားထားရ​အောင်​ မိန်းက​လေးမှ မဟုတ်​တာ)*

Tenri ပြန်​​အော်​​နေမိ​ပေမယ့်​ စိတ်​ထဲမှာ Kokonoe sama ရဲ့ ​ငွေ​ရောင်​ဆံနွယ်​ရှည်​​ပေါ်မှာ ပန်းပွင့်​​တွေပန်​ထားပုံကို မြင်​​ယောင်​ပြီး ရယ်​ချင်​လာတယ်​! Kokonoe sama သာသိလို့က​တော့ သူတို့နှစ်​​ယောက်​လုံး​နေရာတင်​ ပြာဖြစ်​ကိန်းဆိုက်​မှာပဲ!

"Hahahahah Tenri ! ငါအရမ်း​ပျော်​တာပဲ သိလား"

Iori က ဝတ်​ရုံတမမနဲ့ ​ပြေးလွှားနေတယ်​!
ဒီ​ကောင်​​နေရင်း ထိုင်​ရင်း ဘာ​တွေအူမြူး​နေတယ်​မသိ!
Tenri နားမလည်​နိုင်​ဖြစ်​​နေသည်​!

ကျွန်​​တော်​ ​ပြေးလွှားရင်းက Kokonoe sama ရဲ့ နှုတ်​ခမ်း​တွေကို သတိရလာပြန်​သည်​! ဒါအိမ်​မက်​တစ်​ခုမဟုတ်​ဖူး! Kokonoe sama က ကျွန်​​တော့်​ကို တကယ်​ပဲ ........

"Whaa~"
*ဘုန်း*
"အား လားလား"

ကျွန်​​တော်​အ​တွေးကမ္ဘာထဲ​ရောက်​​နေလို့ ​ရှေ့က တုံးကို မမြင်​လိုက်​မိဘူး! ​မှောက်​လျှက်​လဲကျသွားပြီး ဒူး​ခေါင်း​တော့ ​တော်​​တော်​ အီသွားတယ်​! Tenri က ​ပြေးလာပြီး ကျွန်​​တော်​နား​လေးမှာ ထိုင်​ကာ တ​ညောင်​​ညောင်​​အော်​​နေတယ်​ ! ကျွန်​​တော့်​ကို အပြစ်​တင်​​နေတယ်​ထင်​ပါ့!

Love LegendWhere stories live. Discover now