Chapter 9

19.4K 2.1K 33
                                    

Zawgyi Version

"​ဟော်​ ...... မင်း​ရောက်​လာတာမြန်​သားပဲ!"
Aragami က လဲကျ​နေရာမှ ထရပ်​လိုက်​တယ်​! Aragami မျက်​လုံးတို့က စိတ်​ဝင်​စားမှု​တွေနဲ့ တလက်​လက်​​တောက်​ပ​နေသည်​!

"ကြားတဲ့ ​ကောလဟာလ​တွေထဲ​တော့ Kokonoe က Shijou ​တွေကိုမုန်းလွန်းလို့ ကျိန်​စာတိုက်​တယ်​တဲ့ ခု​တော့ စ​တေးခံ​လေးအတွက်​ ကိုယ်​တိုင်​​တောင်​​ရောက်​လာပါ​ပေါ့လား Kokonoe sama!"

Aragami ရဲ့ ခနဲ့စကားလုံးကို Kokonoe ဂရုမစိုက်​နိုင်​ ကုတင်​​ပေါ်က Iori ကို စိုက်​ကြည့်​​နေသည်​! Iori ရဲ့ ဝတ်​ရုံ အနားစ​တွေ စုပ်​ပြဲလို့​နေတယ်​ ! Iori ရဲ့ ​ခြေ​ထောက်​နှင့်​ လက်​တို့မှာ စူးခြစ်​ရာ ပလပွ! ဝတ်​ရုံ ခါးစည်းက ​ပြေ​လျော့လို့​နေသည်​!​ Iori မျက်​ဝန်း​ထောင့်​စွန်းက မျက်​ရည်​စ တစ်​ချို့ကို မြင်​ပြီးသည့်​​နောက်​မှာ​တော့............

"Aragami!!!!!!!!! မင်း Iori ကို ဘာလုပ်​လိုက်​သလဲ?"
Kokonoe ရဲ့ ​ကျဉ်းရှည်​ရှည်​ မျက်​ဝန်းတို့က ​ဒေါသနဲ့ပြည့်​လို့​နေတယ်​!

"ဘယ်​သိမလဲ?"
Aragami အ​ဖြေက Kokonoe ရဲ့​ဒေါသကို ပိုဆွ​ပေးလိုက်​သလို!

"Aragami!!!!!!!!!!!!"
Kokonoe က လက်​ထဲက အပြာ​ရောင်​ မီးလျှံ​တွေနဲ့ Aragami ကို ပစ်​လွှတ်​လိုက်​တယ်​! Aragami က အသာ​ရှောင်​တိမ်းလိုက်​ရင်း အနီ​ရောင်​မီး​တောက်​တို့နဲ့ပြန်​လည်​တိုက်​ခိုက်​လိုက်​တယ်​! Kokonoeရဲ့ သည်းကြီးမည်းကြီးတိုက်​ခိုက်​မှုက Aragami ကို အခက်​​တွေ့​စေတယ်​!

"အိုး အိုး Kokonoe မင်း​ဒေါသကြီးလှချည်​လား?"
"Aragami!!!!!!!!!!!!!!!!!!!"

Kokonoe က အပြာ​ရောင်​ မီးလျှံ​တွေနဲ့ အဆက်​မပြတ်​ပစ်​သွင်း​နေသည်​! တချီမှာ Aragami အငိုက်​မိပြီး မီး​တောက်​​တွေရဲ့ ဝါးမြိုမှုကိုခံလိုက်​ရတယ်​!

"အားးးးးးးးးးးးးးးးး"

တိုက်​ပွဲအပြီးမှာ Kokonoe က သတိ​မေ့​နေတဲ့ Iori ကို ​ပွေ့ချီလိုက်​တယ်​! Iori က သူ့လက်​ထဲမှာ အဝတ်​စတစ်​ခုလိုပါလာသည်​!

"Ko konoe ! မင်း မှတ်​ထား ငါ့ပိုင်​နက်​ထဲက ငါ့ပစ္စည်းကိုလာယူတာ မင်းကိုမ​ကျေဘူး"
Aragami ရဲ့ မ​ကျေမချမ်း​ရေရွတ်​သံ.....

Love LegendWhere stories live. Discover now