U: Part 3

2K 199 22
                                    

လင်းမျက်လုံးတွေ ဖျတ်ကနဲပွင့်လာတာ အိပ်မက်ဆိုးကြောင့်လား၊ ပူပြင်းလှတဲ့ရာသီဥတုကြောင့်လား ရုတ်တရက်အဖြေရှာမရ။ ဒါပေမယ့် နံရံထူထူတွေကိုဖောက်ထွင်းပြီး ဝင်လာတဲ့ စန္ဒယားသံ ခပ်ကြမ်းကြမ်းက လင်း နားထဲ ဆောင့်တိုးချိန်မှာ ဘာကြောင့် လင်း လန့်နိုးလာရတယ်ဆိုတာ အဖြေပေါ်သွားသည်။ မနက်မှမိုးမလင်းသေးဘူး ဘယ်သူက စန္ဒယားတီး နေတာလဲ။ လင်း ဆဲဆိုရေရွတ်ရင်း အိပ်ယာပေါ်က ထထိုင်လိုက်သည်။ ယင်းမဟုတ်တာတော့ သေချာသည်။ ဒါကယင်းအကြိုက် သီချင်းပုံစံမဟုတ်သလို ယင်းလက်ရာကလဲ ဒီလောက်မဆိုး။ ဒီလိုဆို ဖြစ်နိုင်တာ တစ်ယောက်ပဲ ကျန်တော့သည်။

ကုတင်ဘေးက ထိုင်ခုံပေါ်လွှားထားသည့် ရှပ်အင်္ကျီ လက်ရှည်ကိုကောက်စွပ်ပြီး ဘီရို​ဘေးမှာ ထောင်ထားသည့် ဘေ့စ်ဘောဒုတ်ကို ဆွဲထုတ်လိုက်သည်။ လင်းတစ်ယောက်တည်း အခန်းစခွဲနေရကတည်းက ညရေးညတာဆို အသုံးပြုဖို့ ဆောင်ထားတဲ့ဒုတ်က အခုမှပဲ အသုံးကျတော့မယ်။

လင်း နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကွေးတက်သွားအောင်ပြုံးရင်း သီချင်းသံကျယ်ကျယ်လောင်လောင်ထွက်နေသည့် စန္ဒယားခန်းဘက်ကို လျှောက်လာခဲ့သည်။ ပိတ်မထားပဲ စေ့ရုံပဲစေ့ထားသည့် တံခါးကြားကနေ အခန်းထဲမှာ နဒီတစ်ယောက်ထဲ ရှိနေတာတော့မဟုတ်။ ယင်းကပါ သူ့ဘေးမှာကပ်ထိုင်ရင်း သူ့လက်ချောင်းတွေက စန္ဒယားခလုတ်တွေပေါ်က နဒီ့လက်ချောင်းတွေနဲ့အတူ ရွေ့လျားနေတာ  မြင်နေရသည်။ တံခါးကြားကနေ ကြည့်နေတဲ့ လင်း မျက်လုံးနဲ့ ယင်းရင်ခွင်ထဲကို ခိုဝင်လိုက်ပြီး နှုတ်ခမ်းတွေကို လှည့်နမ်းလိုက်သည့် နဒီ့မျက်လုံးတို့ ဆုံမိတဲ့ တဒင်္ဂမှာ နဒီ့ရဲ့ မျည်းနက်ပြောင်လက်နေတဲ့ မျက်လုံးထဲက လှောင်ပြောင်လိုတဲ့ အရိပ်တွေက မြင်သာနေသည်။

ပုံမှန်သာဆို သိပ်ကို ကဗျာဆန်တဲ့ မြင်ကွင်းလို့ထင်ရပေမယ့် လင်းရင်ထဲမှာ ဒေါသတွေ ဗလောင်ဆူလာသည်။ သူတို့ အခန်းတံခါးကို အသံမြည်အောင် ဆွဲဆောင့်ပိတ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တဲ့နောက်ကို ဟိုမိန်းမရဲ့ လှောင်ရယ်သံက ကပ်ပါလာသလို နားထဲမှာ ဆူညံနေသည်။

မျက်ကန်းမြစ်Where stories live. Discover now