U: Part 4

1.9K 183 15
                                    


မနေ့ညကအတိုင်း တံခါးဝမှာ ခွေခွေလေးအိပ်နေရာကနေ နိုးလာတော့ အတော်နေမြင့်နေပြီ။ မျက်နှာသစ်ရင်း မှန်ထဲမှာကြည့်တော့ ညက သတိလက်လွတ်နဲ့ ဘယ်လောက်တောင်ငိုထားမိလဲမသိ လင်းမျက်အိတ်တွေက ဖောင်းအစ်နေသည်။ လွယ်လွယ်တွေ့တဲ့ အင်္ကျီ​တစ်ထည်ကို ကောက်ဝတ်ပြီး မနက်စာစားဖို့ အောက်ဆင်းလာခဲ့သည်။ လင်းအစီအစဉ်က မနက်စာမြန်မြန်စားပြီးတာနဲ့ အပြင်ထွက်ဖို့ဆိုပေမယ့် ထမင်းစားခန်းထဲ အရောက်မှာ လင်းခြေလှမ်းတွေတုန့်သွားသည်။

ယင်းက ကြိုရောက်ပြီး စားပွဲထိပ်မှာထိုင်နေပြီ။ သူလဲ ဘာမှ မထူး။ လင်းလိုပဲ ဖောင်းအစ်နေတဲ့ မျက်လုံးတွေနဲ့။ လင်းပြန်ထွက်မလို့လုပ်ပေမယ့် ယင်းက တိုးတိုးလေးလှမ်းခေါ်တော့ မတတ်သာပဲ စားပွဲမှာ ဝင်ထိုင်လိုက်ရသည်။

အိမ်ဖော်ကောင်မလေးတွေ မနက်စာ လာချပေး ကော်ဖီလာငှဲ့ ပေးပြီးတဲ့အထိ လင်းတို့ နှစ်ယောက် စကားမပြောပဲ ငြိမ်နေသည်။

"မနေ့ညက ဖြစ်သွားတာ အားလုံးကို တောင်းပန်ပါတယ် လင်းရယ်။"

ယင်းမျက်နှာကို ကြည့်မိရင် သနားမိဦးမယ်ဆိုတာ သိနေတော့ မကြည့်ချင်တော့။

"မနေ့ညကအကြောင်း ထပ်မပြောတာပဲကောင်းမယ် ယင်း။"

နှစ်ယောက်လုံး တိတ်ဆိတ်စွာ ကော်ဖီခွက်ကိုယ်စီကိုင်ပြီး ငြိမ်နေမိသည်။ အရှေ့က မနက်စာ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်ပန်းကန်ကိုတော့ နှစ်ယောက်လုံးမထိကြ။

"ဒါပေမယ့် နောက်တစ်ခါဆို ငါဖေဖေနဲ့တိုင်ရလိမ့်မယ်။"

ယင်းက ကော်ဖီခွက်ကို အသံမြည်အောင်ချရင်း လင်းကိုစိုက်ကြည့်သည်။

"ဒီအိမ်မှာ ငါတစ်ယောက်ထဲ အပြစ်သားမဟုတ်ဘူးလင်း။ နင့်မှာလဲ အပြစ်ရှိတယ်။ နင်ဘာလို့ ဟိုခြံစောင့်ကောင်ကို တွဲနေတာလဲ။ ဖေဖေသိရင်ဘယ်လောက် စိတ်ဆိုးမယ်ဆိုတာ သိရက်နဲ့။ အစ်ကို တစ်ယောက်အနေနဲ့ ငါ့မှာ စိတ်ပူပိုင်ခွင့်ရှိတယ်။"

ယင်းသည် အမြဲတမ်းပဲ ဖေဖေ့ကို သေမလောက် ကြောက်တတ်သည်။ သူကြောက်သလို လင်းလဲကြောက်လိမ့်မည်ဟု တွက်ပုံရသည်။ ဖေဖေဒေါသထွက်ရင် ကြောက်စရာ ကောင်းတာမှန်ပေမယ့် လင်းကတော့ ယင်းလောက်မကြောက်။

မျက်ကန်းမြစ်Where stories live. Discover now