U: Part 11

389 67 12
                                    

လင်း တစ်ယောက်ထဲ အမှောင်ထဲမှာ တိတ်တိတ်လေးထိုင်နေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ။ နာရီလက်သံ တစ်ချက်ချက်မြည်သံကလွဲလို့ တခြား ဘာအသံမှမကြားရ။ အဲ့ဒီ နာရီသံကိုက လင်းကိုခြောက်လှန့်နေတာ။ နာရီလက်သံစည်းချက်နဲ့အတူ လေထဲမှာ တွဲလောင်းကျနေတဲ့ အရိုးငေါငေါ ခြေထောက်ဖြူဖြူတစ်ချောင်းက ရှေ့နောက်လွှဲခါနေတာကို လင်းမမြင်အောင် ဘယ်လိုလုပ်ရမလဲ။

မိုးရွာစေချင်သည်။

မိုးသာရွာရင် ယင်းက လင်းအခန်းထဲရောက်လာမှာ။ ယင်းသာရှိနေရင် အဲ့ဒီ​ခြေထောက်ကြီးကို မြင်နေရမှာမဟုတ်ဘူး။

ခပ်ဟဟဖွင့်ထားသည့် တံခါးအကြားလေးက မီးရောင်ကို မျက်နှာဝှက်ထားတဲ့လက်မောင်းကြားကနေ ချောင်းကြည့်လိုက်သည်။ လင်း ပြေးထွက်သွားရင်ကောင်းမလား။ ဒီအခန်းကြီးက အရမ်းကျယ်တယ်။ အရမ်းလဲမှောင်တယ်။ ယင်းကလဲမရှိဘူး။

"လင်း. . . "

တံခါးကြားက အလင်းရောင်အတန်းက သူ့ရှေ့မှာပိတ်ရပ်လိုက်တဲ့ လူကြောင့်ပျောက်သွားသည်။ လင်းမော့ကြည့်လိုက်တော့ အမှောင်ကြောင့်မသဲကွဲပေမယ့် ဒါဘယ်သူလဲဆိုတာ ချက်ချင်းသိလိုက်ရသည်။ အဖြူပါးပါး ညအိပ်ဂါဝန်ကပိုကရိုနဲ့တောင် နဒီက နတ်သမီးတစ်ပါးလို လှနေတုန်း။

"လင်း. . . အိပ်မပျော်ဘူးလား"

နဒီ့မေးခွန်းကိုဖြေဖို့မေ့လို့ သူ့ကုတင်နားကို တရွေ့ရွေ့ချည်းကပ်လာသည့် နဒီ့ကိုသာ ကြောင်တက်တက်နှင့် ကြည့်နေမိသည်။ ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်ရင်း ဒူးနှစ်ဖက်ကိုပိုက်ပြီးထိုင်နေတဲ့ လင်းပုခုံးပေါ်ကို နဒီ့လက်ချောင်းသွယ်သွယ်တွေရောက်လာသည်။ လင်းဝတ်ထားတဲ့ ညဝတ်ချည်သားအင်္ကျီကိုကျော်ပြီး နဒီ့လက်ချောင်းတွေရဲ့ အေးစက်နေတဲ့ အထိအတွေ့ကို ခံစားရသည်။ အသက်ရှုနေသေးတဲ့ လူတစ်ယောက်လက်က အဲ့လောက်အေးစက်နိုင်သလား။

"လင်း. . . . သရဲကြောက်လို့လား"

သရဲဆိုတာ ဘာလဲ လင်းသေချာမသိ။ ဒါပေမယ့် လင်းမြင်ကွင်းထဲက ရှေ့နောက် လွှဲယမ်းနေတဲ့ ​ခြေထောက်ဖြူဖြူကြီးရှိနေသည်။ လင်းရှေ့မှာထိုင်နေသည့် နဒီ့ပုခုံးကိုကျော်ပြီးကြည့်တော့ တွဲလောင်းကျနေသည့် ခြေထောက်က မရှိတော့။ လင်း က နဒီ့ အေးစက်စက်လက်ချောင်းတွေကြားကနေ သူ့ပုခုံးကို ရုန်းလိုက်သည်။ နဒီ့လက်ချောင်းတွေက အေးစက်ပေမယ့် ဒီလက်ချောင်း‌ေတွနှင့် ထိ‌ေတွ့ထားသည့် လင်းအသားတွေက ပူလာသည်။

မျက်ကန်းမြစ်Where stories live. Discover now