U: Part 10

374 59 7
                                    

Moon Light Sonata လရောင်အောက်က သံစဉ်က တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ တိုးတိုးညှင်းညှင်း။ စန္ဒယားသံက လရောင်အောက်မှာ မုန်တိုင်းခတ်နေသလို မညီမညာ မလှမပ။

မိုးခြိမ်းသံနောက်က လိုက်လာသည့် လျှပ်စီးကြောင့် မှောင်မဲနေသည့် လူသွားလမ်းက ဖြတ်ကနဲလင်းသွားတာကိုက စိတ်ခြောက်ခြားစရာကောင်းလှသည်။

ဒီအိမ်ကြီးကို ဒါတွေမုန်းတာပဲ။ မလိုအပ်ပဲကြီးကျယ်လွန်းသည်။ ကြက်သရေမဲ့လွန်းသည်။

လင်းခြေလှမ်းတွေက တဖြေးဖြေးနဲ့ အိမ်အဝင်ဧည့်ခန်းကျယ်ဆီလှမ်းလာသည်။ အမှောင်ကျနေသည့် ဧည့်ခန်းမှာ ပြတင်းပေါက်ရှည်တွေကတဆင့်ဖြတ်သန်းဝင်လာသည့် လရောင်နဲ့ လျှပ်စီးတပြတ်မှာ လက်သွားသည့် အလင်းကလွဲလို့ အမှောင်က ကြီးစိုးနေသည်။

လင်းကိုကျောခိုင်းရက်အနေအထားနဲ့  ငြှို့ချက်မိနေသူလို ခေါင်းကိုမော့ရင်း ယိမ်းကာဝိုက်ကာ စန္ဒယားထဲ စျာန်ဝင်နေသည့် ယင်းကတော့ မှောင်တာတွေမိုက်တာတွေလဲသိပုံမပေါ်။

အိမ်မှာလူကြီးတွေမရှိဘူးထင်သည်။ ယင်းသောက်ထားသည့် ပုလင်းတွေ ခွက်တွေက ကြမ်းပြင်ပေါ်ပြန့်ကြဲလို့။

သတိကြီးကြီးထားရင်း ယင်းဆီကို ဖြည်းဖြည်းချင်းလျှောက်သွားသည့်​ကြားက ပုလင်းတွေ ခွက်တွေကို ခြေဖျားနဲ့ ထိခတ်မိသံ တချွင်ချွင်က ထွက်လာသည်။  ယင်းက စန္ဒယားကွက်တွေကိုတဖြည်းဖြည်းဖော့ကစားရင်း အဆုံးသတ်လိုက်သည်။ သူ့လက်ချောင်းတွေရပ်တန့်ပြီး တီးလုံးသံ ငြိမ်သက်သွားတော့ ယင်းကခေါင်းငိုက်စိုက်နဲ့ စန္ဒယားရှေ့မှာ အရုပ်ကြိုးပြတ်။

လျှပ်စီးတွေက အဆက်မပြတ်လက်သလို မိုးခြိမ်းသံဆက်တိုက် ပိုကျယ်လောင်လာသည်။

ယင်းက တခုခုပြောနေပေမယ့် ဘာပြောလဲ လင်းသေချာမကြားရ။

"ဘာပြောနေတာလဲ ယင်း"
သူ့ဘေးမှာ ရပ်ရင်းမေးတော့ ယင်းက ခေါင်းမော့ကြည့်သည်။ သူ့မျက်နှာက ပြုံးနေပေမယ့် အပြုံးတွေက  မလှမပကျိုးပဲ့နေသည်။

"နင်ပြန်လာတာ သိပ်နောက်ကျတာပဲ"

"ဆောရီး"

မျက်ကန်းမြစ်Where stories live. Discover now