U: Part 9

1.1K 139 39
                                    

အနက်​​ရောင်​ဖဲကြိုးအစကိုဆွဲလိုက်​​တော့ ​ခေါက်​တွန့်ချည်ထားသည့် ဖဲပြားအနက်​​ရောင်​က ​ပြေပြီး​လျှောကျသွားသည်​။ အသားဖြူတဲ့သူမို့ ဖဲပြားခပ်​တင်းတင်းချည်ထားခဲ့တဲ့ လက်​​ကောက်​ဝတ်​မှာ အနီ​ရောင်​ကန့်လန့်အစင်းလိုက်ကြီးပေါ်နေသည်။ ဒါပေမယ့် လက်​ဖျံနဲ့ လက်​​မောင်းပေါ်က လက်​​ချောင်းရာ လက်​သည်းရာအစင်းတွေလောက်တော့ ကြည့်ရမဆိုးသေး။ ရင်ထဲမှာအခုမှပေါ်လာသည့် အားနာစိတ်​နဲ့ ပြုံးပြမိပေမယ့် တဖက်​က တုံ့ပြန်​လာတဲ့အပြုံးက ​ကျေနပ်​နှစ်​သိမ့်နေတဲ့အပြုံးဆိုတော့ လင်း ပုခုံးတွန့်ရုံပဲ တွန့်မိသည်။

လူ့စိတ်​ဆိုတာကလည်း ဆန်းကျယ်သားပဲ။ ပုထုဇဉ်​​နော ဥမ္မာတ​ကော ရယ်​လို့ လူတိုင်းမှာ တနည်းမဟုတ် တနည်းရယ်နဲ့ ​ဖောက်​လွဲ​ဖောက်​ပြန်​စိတ်​ရှိတတ်​ကြတယ်​ဆို​ပေမယ့် ပညာ​တွေတတ်​လှပါချည်​ရဲ့ ဆိုတဲ့လူ​တွေ၊ လူရည်​မွန်​​တွေရဲ့ အတွင်းအနက်ရှိုင်းဆုံးထဲက ကွယ်ဝှက်ထားသည့် စိတ်​အာသီသ​တွေက ပိုမိုပြင်းထန်ကြောက်ဖို့ကောင်းသည် ထင်​သည်​။

လင်းရင်ခွင်ထဲမှာ အကျအန ​နေရာယူပြီး အ​မောဖြေနေသည့် မျက်​နှာကိုကြည့်ရင်း မျက်​​တောင်​ထူထူစင်းစင်းတွေက မမနဒီနှင့် တူသည်​လို့ ​တွေးမိ​အောင်​​တွေးဖြစ်​​သေးသည်​။

"လင်း က တကယ်ပဲ ထွက်သွားပြီးရင် ပြန်​မလာ​တော့ဘူးလား"

နှ​မြောတသတဲ့ ​မေးသံကို ​ဖြေစရာမရှိ။ ပြန်​မ​တွေ့ရ​တော့မှာ​သေချာလို့များ အခုလို စိတ်​ထွက်​​ပေါက်​တစ်​ခုအ​နေနဲ့ အသုံးချပါတယ်​လို့ ​ပြောလိုက်​ရင်​ ဘယ်​​လောက်​ ​သောက်​ဂရုမစိုက်​ပါဘူးဆိုတဲ့ သူပဲ ဖြစ်​​နေ​နေ မာနနဲ့ ပါးထချမည်​ထင်​သည်​။ ဒီ​တော့ အင်းလို့ပဲ မသဲမကွဲအ​ဖြေ​ပေးရင်း ငြိမ်​​နေလိုက်​သည်​။

လှဲအိပ်​​နေရာက​နေ အားမရသလို တံ​တောင်​ကိုအားပြု​ထောက်​ရင်း လင်းမျက်နှာကို ​စေ့​စေ့လာကြည့်သေးသည်။ ဒုက္ခပဲ လင်းက သံ​ယောဇဉ်​အမျှင်​တန်းချင်တဲ့သူမဟုတ်။ အခုလက်​ရှိ အမျှင်​​တွေထဲမှာ​တောင်​ ပင့်ကူအိမ်လို ငြိတွယ်​ပိတ်​မိ​နေတာ။

မျက်ကန်းမြစ်Where stories live. Discover now