ရေချိုးပြီးပြီးချင်း ကောင်လေးဆီသွားကြည့်တော့အိပ်ပျော်ဆဲ ။ပါးစပ်လေးခပ်ဟဟပွင့်ပြီး ဖက်တုံးကိုပါတင်းတင်းလေးဖက်လို့
''ချစ်ဖို့ကောင်းလိုက်တာ Xingရယ်''
သူ့လက်တွေကXingပါးလေးပေါ်ရောက်သွားပြီ ကိုယ်တိုင်မသိလိုက်ပဲ ခပ်ဖွဖွလိမ်ဆွဲမိတော့ကောင်းလေးအနည်းငယ်လူးလွန့်သွားတာမို့ လက်ကိုပြန်ရုတ်လိုက်မိတယ်လေ။
''အားးခေါင်းကိုက်လိုက်တာ''
မျက်ဝန်းတွေမဖွင့်သေးဘဲနားထင်ကိုလက်နဲ့ဖိကာညည်းလေတော့
''မင်းယောကျာ်းလေးမှဟုတ်ရဲ့လားXing mi''
သူကုတင်စွန်းဝင်ထိုင်ပြီးစတော့ ကောင်လေးခဏတော့တွေသွားသည်။ပြီးမှသူ့အိမ်ရောက်နေတာနဲ့မနေ့ကမူးရစ်နေတာသတိရသွားပုံပင်။
Yixingသူ့ကိုယ်သူမလုံမလဲကြည့်ရင်းမျက်နှာနီကာ''ခင်များဘာတွေပြောနေတာလဲ''
''haha ဘာတွေတွေးနေတာလဲ မင်းချီခေါ်ရတာပေါ့ပေါ့လေးနဲ့ ဝိုင်ပုလင်းဝက်နဲ့မူးတာအံ့သြလို့မေးတာ''
''ခင်များရှင်းရှင်းပြောပါလား''
''ကိုယ်ပြောတာရှင်းရှင်းလေးပါ Xing mi ဘာသာမရှင်းမရှင်းတွေးနေတာ''
''ခေါင်းတောင်ပိုကိုက်ချင်သွားတယ် 'ရှင်း'ချင်းကိုထွေးနေတာပဲ သွားတော့ကျွန်တော့်အခန်းထဲကနေ''
''OKလေ သန့်ရှင်းရေးလုပ်ပြီးမြန်မြန်ဆင်းခဲ့
ိကိုယ်ထမင်းစားခန်းကစောင့်မယ်''Alphaသေများဝင်စားတာလားမသိ အဲ့ဒီ့လူကြီးနှုတ်ကအမိန့်သံပဲထွက်တော်မူသည်။သူလည်းထိုအမိန့်သံကိုနာခံမိတာကိုရေချိုးပြီးမှမကျေနပ်။သူပြောသလိုမြန်မြန်လုပ်တဲ့လက်နဲ့ခြေသာကျိန်ဆဲမိသည်။
အဝတ်လဲဖို့ဗီရိုကိုဖွင့်တော့ သူအဝတ်တစ်ထည်မှပါမလာတာသတိရမိသည်။
အဝတ်တစ်စုံတော့တွေ့သည်။ဟိုလူကြီးဟာနေမှာပေါ့။သူနဲ့ခပ်ပွပွအကျီင်္မှာစွဲနေတဲ့Vanillaနံ့လေးကစိတ်ကြည်စေသလိုလို။''Morning ပါ bunnyလေး''
''Morning! ဘာလဲ Bunnyက?''
''မင်းနဲ့တူတယ်လေ bunny xing''
DU LIEST GERADE
Thousand of Years ••completed••
RomantikBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal