ပုံမှန်အမြဲလိုလို မနက်စာ စားပွဲမှာထိုင်စောင့်နေတဲ့
လူကြီးကိုမမြင်ရသလို အငွေ့တလူလူနှင့် ချောကလက် အပူအပြည့်နှင့်ကြွေခွက်ဖြူလေးလည်း ရှိမနေခဲ့
သည်က ပုံမှန်မဟုတ်။
၉နာရီကျော်လင့်နေသော်ငြား ဧည့်ခန်းအလယ်တွင်
မျကိစိမျက်နှာပျက်နေကြလေသည့် Jimin hyung
နှင့်Kookie..။
အလုပ်မသွားခင် နဖူးပြင်ထက်ကအနမ်းဖျားနှင့်နိုး
လာလေ့ရှိသောသူက ယခုမနက် အကြောင်းပြချက်
မဲ့ နိုးလာသည်ကလည်း စနိုးစနှောင့်ဖြစ်ဖွယ်..။
Jimin hyungကိုအကြည့်ချင်းဆုံတွေ့ကာ အသံတိတ်မေးမြန်းမိတော့....."Kookie ..ငါတို့ဘာလုပ်သင့်သလဲ"
မျက်နှာလွှဲကာ Yixingအမေးကိုမဖြေပဲ Kookieကိုသာ တိုင်ပင်လေဟန် လေသံလျော့လျော့နှင့်မေးလေ၏။
"ကျွန်တော့်နောက်လိုက်ခဲ့ပါ Yixing hyung"
သူ့ရှေ့နားလာရပ်ကာ ပုံမှန်မကြားချင်အဆုံးသော
'သခင်လေး'ဟူသောအသုံးအနှုန်းအစား...နာမည်
နှင့်အသက်အရွာ်အရရည်ညွှန်းသော နာမ်စားကို
ခေါ်ဝေါ်လာသည့် Kookie၏မျက်နှာပြင်က လေပြေ မဲ့သောကန်ရေပြင်လိုပင်။"ဝင်သွားလိုက်ပါ"
ဆွဲဖွင့်ပေးလိုက်သည့်တံခါးချပ်ဟာ ယမကာသိုလှောင်ရာ မြေအောက်ခန်းတံခါးဖြစ်နေသည်မို့..အံ့
သြမှု့နှင့်အတူ အတွေးထဲကိုရောထွေးဝင်လာသည်
က စိုးထိတ်မှု့။အစီအရီရှိနေသည့် စင်တန်းတွေကြားလိုက်အကြည့် အလဲလဲအပြိုပြို Whisky ,Champagne,White
Wine ပုလင်းတွေကြားချောင်တစ်နေရာမှာလူကြီး
Wu Yifan.။စိုးရိမ်မိသည်က..သူမလုပ်အဆင်မပြေ
လို့လား..။သို့ပေမဟုတ် စိတ်ဖိစီးနေလို့များလား။
ဒါမှမဟုတ်.............သူ့ကိုမြင်လေတော့ ဒယီးဒယိုင်လှမ်းထလာသည့်
လူကြီးလက်ထဲက စာအိတ်အညိုရှည်..!နမော်နမဲ့
နိုင်လွန်းသည့် ကိုယ့်ကိုယ်ကိုမုန်းတီးမိလေခြင်း..။
သူကျွန်တော့်ကိုမုန်းသွားမှ ကြောက်တယ်။
DU LIEST GERADE
Thousand of Years ••completed••
RomantikBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal