သိနေခဲ့ပေမယ့် ကျွန်တော်တို့တွေ့ဆုံမှု့က ဒီလောက်
အထိမြန်ဆန်လိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။
တောင်ကိုရီးယားနိုင်ငံကကျဉ်းကျဉ်းလေးဆိုပေ
မယ့် ဒီမြေကိုခြေချမိတာ၄၈နာရီတောင်အပြည့်မရှိ
သေးတာကို..အင်း..ရေစက်ဆိုတာသိပ်အမျှင်မပြတ်
တက်ဘူးထင်တယ်။ကျွန်တော့်ချစ်သူရဲ့ ချစ်သူ မဟုတ်ဖူးသတို့သား
လောင်းဖြစ်ဖူးသူနဲ့ ကျွန်တော်ရဲ့အဖေတူအမေကွဲ
အစ်ကိုတော်စပ်သူ။ဖန်တီးယူခဲ့ခြင်းမဟုတ်တဲ့တိုက်
ဆိုင်မှု့တွေဟာ သာမန်တွေးမကြည့်ရင် သမားရိုး
ကျလုံးဝမဆန်။သေချာနေပြန်သည်ကလည်းရိုးရှင်း
သောတွေ့ဆုံရင်ခုန်ခဲ့ခြင်းတွေကသာ သက်သေ။"Su.."
နဖူးပြင်ကိုသာအနမ်းဖွဖွပေးပြီး ခပ်တိုးတိုးခေါ်သော မောင့်ကိုမော့ကြည့်မိတော့ တစ်ခါတစ်ရံ
သူမနားလည်ခြင်းငှါမစွမ်းသောအကြည့်ညိုတွေ.."ဘာဖြစ်လို့လဲ မောင်"
ခပ်ဖြောင့်ဖြောင့်မျက်ခုံးတန်းကမသိမသာကျုံ့ကာ
မောင်ဘာမှပြန်မဖြေ။သက်ပြင်းမမည်အသက်ရှူသံ
ထက်ပိုသော လေပူတစ်ချို့မှုတ်ထုတ်မိပြီးshixun
သူ့ရှေ့က ယုန်ညိုလေးကိုရင်ခွင်ထဲမျက်နှာအပ်စေ
သည်ထိထည့်ထားမိသည်။ကိုယ့်ရင်ခွင်ကတစ်ချို့
သောအရာတွေမင်းမမြင်ရလေအောင် ကာကွယ်နိုင်
လောက်အောင်ကျယ်ပြောပေးမယ်su..။"မောင်ထင်တယ်..မောင် suနဲ့တွေ့ဆုံခဲ့ရတာ သိပ်
ကိုခမ်းနားတဲ့ဘဝမှတ်တိုင်တစ်ခုဖြစ်မယ်လို့လေ
မောင်က Suအတွက်နောက်ဆုံးသောသူဖြစ်ခွင့်ကို
မောင်အပိုင်ရထားတယ်မလား..ကိုယ်ဒါမယုံကြည်
လို့ပြောနေတာမဟုတ်ဖူးနော် ကိုယ်သေချာချင်လို့
မောင်ကတိပေးရဲတယ် မောင်suကိုရိုးသားဖြူစင်
စွာချစ်မိခဲ့တာဆိုတာရယ် ကိုယ့်ရဲ့နောက်ဆုံးသော
ချစ်သူဆိုတာရယ်.."
YOU ARE READING
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal