Thousand of Years-part-9

1.5K 88 12
                                    


ကားရပ်​ပြီး ကောင်လေးဘက်ကတံခါးဖွင့်ကာ နှိုးဖို့လုပ်ပေမယ့်
တကယ့်လက်တွေ့မှာတော့..ခါးပတ်ကိုတောင်ဖြုတ်မပေးမိပဲ
အိပ်မောကျနေသူလေးကို တမေ့တမော ထုံးစံအတိုင်း ငေးနေမိ
ပြန်သည်။

မထူမပါးမျက်ခုံးရေးရေးလေးအောက်က မျက်ခွံပြည့်ပြည့်
လေးနဲ့ မျက်တောင်မည်းစိပ်စိပ်လေး..ခပ်သေးသေးနှာတံလေး
ပြီးတော့ လေးကိုင်းလေးလို အပေါ်နှုတ်ခမ်းပါးပါးလေးနဲ့
အောက်နှုတ်ခမ်းတွဲတွဲလေးက ဖူးရဲစွာ..ထိုအရာလေးတွေကို
ဘောင်ခတ်ထားတဲ့ ပါးရိုးသွယ်သွယ်တွေ။ ဖြူနေတဲ့အသားအရေ
က အဝါဖက်သမ်းကာ ဝင်းနေတာလေးတွေ …မနက်,ည သူအချိန်တိုင်းငေးမောနေမိဖူးပေမယ့်  ဘာကြောင့်များ   ကြည့်မဝရပါလိမ့် ကလေးရယ်။   ကိုယ့်ဘေးနားမှာ  Xingရှိနေပေးရုံနဲ့ကို   ကိုယ့်အတွက် ဆုလာဘ်တစ်ပါးပါလေ..

အတွေးနဲ့အတူု Xing ပါးလေးတွေပေါ် ခပ်ဖွဖွလေး လက်ချောင်းတွေက ပွတ်သပ်မိပြန်တော့....

''ခေါင်းကိုက်လိုက်တာ အားး''

ဒုန်း!!

ပါးပြင်ကိုလက်နဲ့ဆွဲကုတ်ရင်း ညည်းလိုက်တာမို့  ကမျောကသော
ထရပ်မိတော့  တံခါးဘောင်နှင့် ခေါင်း ဘယ်သူပိုမာလဲအကဲစမ်း
မိကာ အီစိမ့်သွားရသည်။

''မအိပ်ချင်ပဲနဲ့အိပ်တာကို အိပ်ရေးမှမပျက်ဘဲ ခေါင်းကိုက်မှာပေါ့''

အီစလံဝေနေသော ခေါင်းကို ခပ်ဖိဖိပွတ်ရင်း ပြောလိုက်ရသည်။
အားး သေချာဆံပင်ပုံသွင်းလာတာ ရှိုးပဲ့လိုက်တာ

''ဟုတ်မယ်..ဒါနဲ့လူကြီးက အဲ့ဒါဘာဖြစ်နေတာလဲ ရှုံ့ပွနေတာပဲ''

''အော် အဲ့ဒါ ဘာမှမဟုတ်ဖူး  လာလေ မဆင်းတော့ဘူးလား''

လက်ကမ်းပေးရင်း ခေါ်လိုက်တော့  သူ့လက်ကို လက်ဖဝါးငယ်
လေးနဲ့ ခပ်ဆက်ဆက်ရိုက်ချပြီး မျက်လုံးလှန်ကြည့်ပြောလိုက်
သေးတာ   ''ခြေရောလက်ကော ကောင်းတယ်တဲ့''

တကယ်ပါ  လူမိုက်လိုလို လုပ်လုပ် ပြချင်နေသေးတာ သူနဲ့လည်း
မလိုက်မဖက်နဲ့

'''Woo! လှလိုက်တာ!လူကြီး!ဒီနေရာကို ဘယ်လို သိတာတာလဲ
ချောင်းရေကကြည်နေတာပဲ yhay!..ရေချိုးမယ်ကွ''

Thousand of Years ••completed••Nơi câu chuyện tồn tại. Hãy khám phá bây giờ