မိသားစုအစုံမဟုတ်သော်လည်း ပမာဏတိုးလာခြင်းမရှိသလို လျော့မသွားသောYixingတို့ မနက်စာစားပွဲသည် လေးဦးအတိ။လစ်လပ်နေသော
Luhanနေရာအားဖြည့်ဆည်းပေးနေခြင်းမဟုတ်သော်ငြား မိသားစုဝင်တစ်ယောက်လို တရင်းတနှီး သက်သောင့်သက်သာရှိနေကာ မိခင်လုပ်သူနှင့်အပေးအယူမျှနေသောWu Yifanဆိုသည့်အနှီးလူကြီး
၏ ဆက်ဆံရေးနယ်ချဲထွင်နိုင်စွမ်းပုံ မိတ္တပီရရှိရခြင်း
ကိုတော့ Yixingသြချမိပါသည်တည့်။"သား..အရွက်သုပ်ကဘာဖြစ်လိုမစားတာလဲ။
ငန်နေလို့လား.။သူတို့သားအဖက အငန်စားတွေမို့""အာ..မဟုတ်ဖူးမား..ရဲ့"
"ဒါဆိုဘာဖြစ်လို့လဲ အရသာမကောင်းဘူးလား"
"အဲ..သားအရွက်တွေသိပ်မကြိုက်တက်လို့ပါ"
"ဘယ်..မကြိုက်ပေမယ့်စားရမှာပေါ့ ကျန်းမာရေး
အတွက်လိုအပ်တာကို..အသီးအရွက်တွေအစား
ဆေးတွေမသောက်နဲ့နော် chemicalနဲ့organic
အနည်းနဲ့အများတော့ ကွာခြားတာပဲ""ဟုတ်.."
Yixingနှင့်ပါပါးအား ဖုတ်လေသည့်ငပိရှိသည်ဟု
ပင်အောက်မေ့ပုံမရကြ။ပါပါးမျက်နှာလှမ်းကြည့်မိ
လေတော့ သူ့နည်းတူလိုက်မမှီသော မျက်နှာအနေ
အထားနှင့်ပြန်ကြည့်နေလေတော့ကာ။Yixingတို့
ခမျာ မှန်ဘီရိုထက်ကအလှပြအရုပ်တွေလို အဖြည့်
ခံ။ Wu Yifanဆိုသောလူကြီးကလည်း သူနေမ
ကောင်းတိုင်း Yixingအတင်းအကျပ်ဆေးတိုက်
အစာစားခိုင်း ဆူပူတိုင်း ဖြစ်သွားတက်သောပြုံးတုံ့
တုံ့မျက်နှာပေးမျိုးနှင့်။"ကလေး..နေမကောင်းဘူးလား..ဘာလို့ကောင်း
ကောင်းမစားတာလဲ"Xingလူကြီးကိုကြည့်မိတာအတော်ကြာပြီးငေးမိ
သည်အထိ လိုင်းကူးသွားဟန်တူသည်။လုံခြုံလှ
သောလက်ဖ၀ါးပြင်ကျယ်က သေချာဝါးခြင်းမပြု
မိဘဲပါးစောင်ထဲရောက်နေသော ထမင်းပလိန်း
တွေကြောင့်ဖောင်းသယောင်ရှိနေသောပါးထက်
အုပ်အုပ်လေး..။
YOU ARE READING
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal