Incheon လေဆိပ်ကနေအဆင်း အမိမြေ တောင်ကိုရီးယား၏လေထုကို တဝကြီး ရှူသွင်းပြီး စိတ်ဖြေလျော့ကာရှူထုတ်လိုက်မိသည်။ထွက်လာခဲ့တာ တစ်နှစ်တောင်မပြည့်သေးဘူးဆိုပေမယ့် ဒါဟာ ကိုယ့်မွေးရပ်မြေဟူသောအသိက နွေးထွေးသွားစေသည်။ လက်ဖဝါးကို လာဆုပ်ကိုင်သောအတွေ့ကြောင့်မော့ကြည့်မိလေတော့ မောင်ဟာ နှစ်လိုဖွယ် နွေးနွေး လေးပြုံးပြနေလေရဲ့။
ဆံနွယ်ညိုတွေ လေမှာဝဲကာ နှင်းပွင့်တွေကြားထဲ အတောက်ပဆုံးး အင်းသူ့မျက်စိထဲမှာပေါ့လေ လှပနေတဲ့သူမရဲ့လက်ဖဝါးငယ်လေးကို ဆုပ်ကိုင်ပြီး အနူးညံ့ဆုံးပြုံးပြလိုက်သည်။ရှေ့ဆက်ရမယ့်ခရီးမှာ သူမ ခွန်အားတွေအပြည့်ရှိနေဖို့လိုသည်လေ။အနာဂတ်ဟာ ဆူးခင်းလမ်းမမည် ပန်းခင်းလမ်းလည်းမပီ ဆိုတာ သူသာသိသည်မို့။
''သတ္တိတွေအပြည့်ပဲလားSu''
ရုတ်တရက်ပြောလာတဲ့သူ့စကားကို သူမ ခပ်တိုးတိုးရယ်လိုက်ရင်း
''မောင်ဟာလေ တစ်ခါတစ်ခါ ဟာသမဟုတ်တဲ့ ရယ်စရာတွေ အရမ်းပြောတာပဲ အိမ်ပြန်တာ သတ္တိလိုလို့လား''
''မမြင်နိုင်တဲ့အနာဂတ်ကို ရင်ဆိုင်ဖို့အတွက်လေSu''
''မောင်ရှိနေရင်ပေါ့ မောင်သာ အနားမှာရှိပေးမယ်ဆိုရင် ရလောက်ပါတယ် လိုတဲ့သတ္တိမှန်သမျှ''
မတင်မကျသူမအဖြေကို သူစောဒက မတက်မိပါ။ကျော်လွှားနိုင်လောက်သည်ဟူသောမျှော်လင့်ချက်မှိန်မှိန်လေးနဲ့ပင် သူအတွက် ဖြေသိမ့်စရာရနေပြီလေ။စိတ်ချSu ကိုယ်မင်းဘေးမှာပဲ နေမှာပါ။
''Daddy''
သူ့လက်ထဲကထွက်ခွာကာ သူမရဲ့ Daddyထံပြေးကာ ထွေးဖက်နှုတ်ဆက်လေတော့ သူဖြည်းဖြည်းပဲသူမတို့နားလျှောက်လာခဲ့လိုက်သည်။
'' နှုတ်ဆက်လိုက်ပါအုံး ဒါ Su ရဲ့ Daddyလေ Daddy သူက သမီးပြောတဲ့သူပဲ''
''ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ် Li Shixunပါ''
သူဦးညွှတ်နှုတ်ဆက်တော့ Su's Daddyရဲ့မျက်ဝန်းထဲက အရိပ်ရောင်တစ်ချို့ကိုဖတ်မိသွားသည်။သူသိနေတာပေါ့ ဒီအလိုမကျမှု့တွေကို။ ကျဉ်းလွန်းတဲ့ ကမ္ဘာကြီးကိုပဲ ယိုးမယ်ဖွဲ့ အပြစ်တင်ရတော့မယ်ထင်ပါရဲ့။ဒါမှမဟုတ်ရင် ဆုံဆည်းနိုင်လွန်းတဲ့ ကံကြမ္မာကိုပဲလားး။
![](https://img.wattpad.com/cover/77505690-288-k577711.jpg)
BINABASA MO ANG
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal