Thousand of Years Part 8

1.7K 92 9
                                    

နေ့လယ်​စာ စားပြီးတော့လည်း တရေးအိပ်ရုံမှအပဘာမှလုပ်စ
ရာမရှိ။ညနေရေချိုးပြီး ဧည့်ခန်းထဲလာကာ TVမှ ဘောလုံးပွဲကို
ထိုင်ကြည့်နေမိသည်။ကိုယ့်အခန်းထဲမှာကြည့်လည်းရသည်ဆို
ပေမယ့် ဒီမှာလာကြည့်တာပိုကောင်းသည်ဟုခံစားရသည်။အ
နည်းဆုံးတော့ ညနေစာ ပြင်ပေးနေတဲ့ အဒေါ်ကြီးနှစ်ယောက်ဆီ
က အိုးခွက်သံ ဆီသံရှဲရှဲတို့က တစ်ယောက်ထဲမဟုတ်ဖူး ဟူသော
အသိကို ခံစားရစေသည်လေ။ပြီးတော့ သူတို့ပြန်ရောက်တော့
မှာ။ မျှော်တာ? မဟုတ်ပါဘူး ။Jimin hyung နဲ့ Kookieရော ဆို
တော့ စကားပြောဖော်ရသည်မို့။

အချိန်ကုန်မှန်းမသိဘာသာနေတုန်း လူရိပ်တစ်ခုက မျက်စိ
ထောင့်ကဖြတ်သွားတော့ ဟိုလူကြီး။ သူ့အခန်းထဲသူဝင်သွားတာ
မို့ Yixing အောင့်သက်သက်ဖြစ်သွားသည်။

တစ်အိမ်ထဲနေပြီးပြန်ရောက်ကြောင်းလေးတော့လောကွတ်ချော်
သင့်သည်မလား။နေပေါ့ မလိုပါဘူး သူလူမှု့ရေးနားမလည်တော့
ဘာလုပ်ရမှာလဲ။ကိုယ့်ဘာသာ နေမှာပေါ့။

''Yixing ရ စူပုတ်နေတာပဲ ဘာဖြစ်လို့လဲ''

ဘေးနားလာထိုင်တဲ့ Jimin hyungကို ဖျက်ခနဲ ကြည့်လိုက်ပြီး
TVဆီမျက်နှာ ပြန်လွှဲကာ

''ကျွန်တော့်အသင်းရှု့းံနေလို့''

''အင်း ဘယ်ဘက်က လဲ''

''Man U''

စိတ်ဝင်စားလှသည် မဟုတ်သဖြင့် သေချာမကြည့်မိဘဲ Yixingပြောမှ Goal Scoreကိုမြင်ပြီး Jimin တစ်ယောက်
ကြောင်သွားရသည်။

''တစ်ဂိုးသာနေတယ်လေ Yixingရဲ့''

''တစ်ဂိုးထဲမို့ပေါ့ hyungရဲ့''

အာရုံမရှိ၍ မမြင်ဘဲပြောချင်ရာပြောပြီး မှားသော်လည်း အချဉ်
ပေါက်နေသောစိတ်က ပြန်ခံပတ်ဖို့ စကားreadyထွက်လာလေ
တော့၏။ လောကွတ်အချော်ကောင်းသော Jiminသာမေးမိ
လေသော စကားသံဖြစ်အင်္ဂါတွေကိုမေတ္တာထပို့ရတော့မလိုလို။

''Hyung အားလုံးပြီးပြီ''

အထုပ်ဆွဲထွက်လာတဲ့ Kookieကို Yixingအံ့အားသင့်သွားရ
သည်။ လက်ထဲမှာ ချိုင့်ရော။ပြီးတော့ Suitနဲ့မဟုတ်ပဲ ပေါ့ပေါ့ပါး
ပါး T-shirtနဲ့ဘောင်းဘီတိုလေးနဲ့သာ

Thousand of Years ••completed••Where stories live. Discover now