"အ!စပ်လိုက်တာ"
ခေါက်ဆွဲပြုတ်ပူပူကိုစားတဲ့အချိန် နှုတ်ခမ်းးကဒဏ်ရာကအတော်ပြသနာရှာလေသည်။ချဉ်စပ်ဖြစ်နေတော့
အနာပေါ် အရက်ပျံထည့်သည်နဲ့ထူးမခြားနား။"ဘာဖြစ်လို့လဲ "
"စပ်လို့"
"မဟုတ်ဘူးလေ အဲ့ဒီကဒဏ်ရာကိုပြောတာ"
သူ့နှုတ်ခမ်ပေါ်ကဒဏ်ရာကို လက်ညိုးထိုးကာမေးလေမှ
"သြော် ဒါလား..အပြစ်ပေးထားတာ"
"ဘာလို့?"
Yifanခေါင်းကဆံပင်တွေထဲလက်ချောင်းတွေကိုထိုးဖွလိုက်ပြီး တစ်ချက်ရယ်လိုက်ရင်း..
"Xing.အိပ်နေတုန်း..အမ်..ပြစ်မှားမိလို့်.."
အစပိုင်းတော့ Yixing ခပ်ကြောင်ကြောင်..ဆိုလိုရင်းကိုတန်းပြီး အဓိပ္ပါယ်မပေါက်..နောက်မှ
"အား..အကျင့်မကောင်းတဲ့လူကြီး!"
"ဟောဗျာ သူပဲမေးပြီးတော့ ခုနကကျမမြင်ပဲနဲ့ မေးလည်းမမေးဘူး"
"ကြည့်မှမကြည့်တာ ဘယ်မြင်ပါ့မလဲ သိရင်မမေးပါဘူး"
"ကဲ ဘာလို့မကြည့်တာလဲ"
"အား..ရှက်လို့သိပြီလား!"
စူစူပုပ်ပုပ်နဲ့ မျက်စောင်းခဲလေပြန်တော့ သူမပြုံးမိအောင်
မနည်းကြီးကိုထိန်းထားရပြန်ရော..ဘယ်လိုကလေးပါ
လိမ့် ဒီအသက်အရွယ်ထိအရှက်သည်းတုန်း..ဒါတောင်
သူဘယ်လောက်တောင်လွတ်ကင်းအောင် စကားလုံးစဉ်းစဉ်းစားစားနဲ့ရွေးလိုက်ရသလဲလို့"Ok.Ok. အ!"
YiXingစွေကြည့်လိုက်တာမို့ စားလက်စခေါက်ဆွဲမျှင်တွေကို အမြန်သွားနဲ့ကိုက်ချပြီး သွားလေးတွေဖွေးခနဲပေါ်လာသည်ထိ အဖြီးသားလေးလုပ်ပြလိုက်ရသည်။
"ရုပ်ကိုက ငရုတ်သီးကျောက်ကျော ခေါမှန်းသိတယ်"
ဆူတော့လည်းYifan မျက်နှာပိုးသတ်ကာ မင်သေသေနဲ့
အသံမထွက်အောင် ကြိတ်မှိတ်စားရလေသည်။ခုနေများ
အလုပ်ထဲကတစ်ယောက်ယောက်သာမြင်သွားကြည့်
ဒါဟာWu Yifanဆိုတဲ့သူတို့သူဋ္ဌေးမဟုတ်ပါဘူးလို့ပြော
ကြမှာအသေအချာ
BẠN ĐANG ĐỌC
Thousand of Years ••completed••
Lãng mạnBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal