Thouand of Years-part-5

1.5K 114 3
                                    

တစ်စုံတစ်ယောက်ကကိုယ့်ကိုကြည့်နေသည်ဟူသောခံစားမှု့နှင့်အတူ မျက်ဝန်းတွေကိုဖွင့်ကြည့်မိတော့

''morning bunny''

အဲ့လူကြီးဟာလေ bunny,bunny xing,Xing mi,Xing,ကောင်လေး အစရှိသဖြင့်အမျိုးမျိုးမရိုးအောင်ခေါ်တက်လေသည်။

''ဘယ်တုန်းကရောက်နေတာလဲ''

''နာရီဝက်လောက်က''

''ဘာ!ဘယ်လို ဒါဆိုသူများအိပ်နေတာ ထိုင်ကြည့်နေတာပေါ့''

''အင်းးးး''

''ဘာလို့ကြည့်တာလဲ? အိပ်နေတာမြင်ရင်ပြန်ထွက်သွားပါလားး''

သူညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း

''ကိုယ်ဘာမှမမြင်ပါဘူး Xing miဟောက်နေတာရယ် ပါးစပ်ကြီးဟပြီး သွားရည်တွေကျနေတာရယ် အဆီပြန်နေတဲ့မျက်နှာကြီးကိုကုတ်ပြီး လူကတွန့်လိမ်နေတာရယ် အင်းးး''

သူမျက်လုံးထောင့်ကပ်ပြီးစဉ်းစားဟန်ပြုပြီး

''အဲ့ဒါလေးတွေပဲမြင်တာပါ''

တည့်တည့်ကြီးလူကိုကြည့်ပြောနေတာမို့ Yixing
ပါးစပ်ကိုလက်ခုံနဲ့အယောင်ယောင်အမှားမှားပင်ဆွဲပွတ်မိပြီး စောင်ကိုခေါင်းထိဆွဲခြုံရင်း

''အကျင့်ပုပ်ကြီးး''

''ဟာ ဟေ့ ဘယ်အချိန်ထိအိပ်မလို့လဲ ကိုယ်ကဆက်ထိုင်ကြည့်နေရမှာလား''

''အားးး မသိဘူးဗျာ မသိဘူးး''

စောင်ခြုံထဲကနေ ဗလုံးဗထွေးအော်နေတဲ့ကောင်လေးကို ကောက်ပွေ့ပြီး ရေချိုးခန်းဆီသွားတော့ မျက်ဝန်းမျက်ဆံအပြူးသားနဲ့

''လွှတ်!!အောက်ချပေးး''

''အံ့မလေး လာလာချည်သေး ခင်များလေးကိုအသားယူချင်လို့များမှတ်နေလား
ကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်အုံး ဒုက္ခထပ်မများချင်လို့သိလား''

''ချသာချပေး ကိုယ့်ဘာသာလျှောက်မယ်''

ရုန်းနေသောကောင်လေးကိုခပ်တင်းတင်းချုပ်လိုက်ပြီး

''ငြိမ်ငြိမ်နေစမ်းပါကွာ လေးတယ်သိလား ဝက်ပေါက်ရ''

''ဗလောင်းဗလဲနဲ့ အရင်တစ်ခါတုန်းကတော့ပေါ့ပေါ့လေးလို့ပြောပြီး''

Thousand of Years ••completed••Onde histórias criam vida. Descubra agora