Sehun!သူက..ဒီကို ဘာလာလုပ်တာလဲ?..ဟင့်အင်း
...ကျွန်တော့်Xingကို သူတို့လက်ထဲ မထည့်ပေးနိုင်
ပါဘူး..။ Xing...!မသွားရဘူး..!ကိုယ်မင်းကို..ပိုင်ဆိုင်
ခွင့်ရှိတယ်မလား..။ရေထဲမှကုန်းပေါ်ပစ်တင်ခံလိုက်ရသော ငါးတစ်ကေ
ာင်၏ ခံစားချက်မျိုးနှင့် အလားသဏ္ဍာန်တူခံစားရေ
သာ အသက်ရှူကျပ်ခြင်းမျိုးနှင့် Yifanအလန့်တကြားနိုးလာခဲ့ရ၏။ဆိုးရွားလိုက်သည့်အိပ်မက်..သူ့ရဲ့
Xingကို သူ့ရင်ထဲက ဟိုအဖြူစုံတွဲဆွဲထုတ်သွားလေ
ပါသတဲ့..။မနက်မက်သောအိပ်မက် ပြောင်းပြန်ယူရ
သည်ဟုခေါ်မလား ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဟုဆိုနိုင်လေမလားမသိ ရင်ခွင်ထက်ခေါင်းမှေးတင်ရင်း ထွက်သက်လေငွေ့နွေးနွေးတို့ကို
သူ့အရေပြားပေါ်ထိခတ်ကလူပြုသယောင် အိပ်ပျော်နေရှာသော ခန္ဓာကိုယ်ပိုင်ရှင်လေးကြောင့် သူ့အိ
ပ်မက်မှားသည်ဟု အသေအချာကောက်ချက်ဆွဲ၍
သက်သေပြနိုင်သည်။ပုံမှန်အတိုင်းနိုးသည်ဆိုပါလျှင် ၆နာရီကျော်ရှိရော့မည်။ ဆောင်းတွင်းမို့ နေမထွက်သေးတာလည်းဖြစ်နိုင်သည်။ဒီကလေးကတော့ ပင်ပန်းတာနဲ့ကိုနိုးမည်မ
ဟုတ်တာ အသေအချာပင်။လက်မောင်းကျစ်ကျစ်ကိုဆွဲကိုင်မိတော့ အနည်းငယ်အေးစက်နေသယောင်ပင်။ သစ်ခွပန်းတွေကြောင့် boilerမထား..တစ်ည
လုံးလူငွေ့ချင်းဖြင့်သာနွေးနေခဲ့သည်မို့...ကြာရင်နေ
မကောင်းဖြစ်မှာ ပူရလေသည်။Xingကနေမကောင်း
ဖြစ်လွယ်တယ်..။အညင်သာဆုံးမနိုးအောင်ချီပိုးလိုက်တော့ မိုးပြာရေ
ာင်ရှပ်ပွပွအောက်က ကိုယ်လေးကစွေ့ခနဲချက်ချင်း
ပါလာသည်။အရင်တုန်းကတော့ လူကိုကပိန်လို့ပေါ့
နေတာထင်မိပေမယ့် အခုလိုပါးလေးတွေဖောင်းပြီး
ကိုယ်ပြည့်ပြည့်လေးဖြစ်နေတာတောင် ပေါ့ပေါ့လေ
းရယ်..။တခြားလူတွေနဲ့ယှဉ်ရင် ဘယ်လိုနေမလဲမေ
တွးတက်ပေမယ့် ကိုယ်နဲ့ယှဉ်ပြီး ဒီလူသားလေးကို
ပီဘိကလေးလေးလိုပဲမြင်နေမိတာ ကိုယ်မလွန်ဘူး
ထင်မိရဲ့..။

YOU ARE READING
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal