မထင်မှတ်ထားတဲ့အစည်းအဝေးပြီးချိန်မှာ နာရီကိုကြည့်
မိတော့လက်တံတိုထိုးပြနေတာက ၇နာရီ..။Yifanကမျောကသောပင် နောက်ထပ်တစ်နေရာဆီဦးတည်ရသည်။ အစည်းအဝေးမှာသိခဲ့ရတဲ့ဆုံးရှုံးနစ်နာမှု့တွေ
ထက် အရေးကြီးနေတာတစ်ခုက သူ့အာရုံမှာကြီးစိုးလို့။စီစဉ်ထားသမျှပြီးတော့လည်းစိတ်အေးမသွားရ ။အိမ်ကို
မြန်နှုန်းမြင့်ပြန်ဖို့လိုနေပြီ။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုလေမလား...မောနေသောစိတ်အစုံက အရှိန်ရောလောင်စာပါမကျန်တော့
သည့် ရေနွေ့ငွေ့စက်ခေါင်းလို့...သက်ပြင်းပူတွေချရင်း ရပ်တန့်သွားမိသည်။ sofaလက်မှီပေါ်ခေါင်းမှေးတင်ရင်း
အိပ်ပျော်နေရှာတဲ့ကလေးရဲ့ ပါးနှစ်ဖက်မှခြောက်လုဆဲဆဲ မျက်ရည်ချောင်းနှစ်စင်းက လူကိုမွန်းကျပ်စေသည်။ ကလေးကို ကိုယ်အလေးမထားဘူးလို့များ
တွေးနေခဲ့တာလားကလေးရယ်။ခပ်တင်တင်းလက်သီး
ဆုပ်လေးကိုဖြည်ကြည့်တော့ ထုံးခြောက်ချိုးလေးနှစ်ကောင်..။ရေနစ်သူကိုဝါးကူထိုးပေးသေးသကိုး..။
ကိုယ်ကလေးအတွက် တွေးပေးတာက ကလေးကို
ိုနာကျင်စေမှန်း မတွေးမိခဲ့လို့ပါ ကလေး...။ညလမ်းမီးတွေ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြေးသွားကြတဲ့Xing
မျက်နှာဝင်းဝင်းလေးက အိနြေ္ဒကြီးကြီးဆင်းလာတဲ့ နှင်းပွင့် တွေထက်များအေးချမ်းနေခဲ့ရော့ထင်သည်။ထိုမျက်
နှာနုနုကိုတစိမ့်စိမ့်ကြည့်မဝတဲ့ Yifanရင်ထဲမှာတော့
နွေဦးပေါက်ရဲ့ နေခြည်တန်းတွေထက် နွေးထွေးနေသော
လှိုင်းတိုလေးများကတစ်ရိပ်ရိပ်။တစ်ပါးသူတို့၏ အဖိုးတန်သားရတနာလေးကို သမားရိုး
ကျ မိဘနှစ်ပါးဆီက အရုပ်ဝယ်သလိုသိမ်းခဲ့ပြီး..။လူသိပ်
အားမပေးသော Homosexualဖြစ်စေခဲ့ခြင်းအတွက်
ကလေးကိုရင်ခွင်ထဲမှာပွေ့ချီရင်းယောက္ခမနှစ်ယောက်ရှေ့ရပ်နေရချိန် Yifanမျက်နှာပူပါသည်။သို့ပေမယ့်မတက်နိုင်..ကလေးအေးအေးချမ်းချမ်အိပ်နေဖို့က ပိုအ
ရေးကြီးသည်လေ။
ESTÁS LEYENDO
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal