Thousand of Years-part11

1.3K 76 8
                                    

ခြံတံခါးဖွင့်ကာဝင်လိုက်သည်နှင့် မြက်ခင်းပြင်ပေါ်ကနေဖြတ်ပြေးကာ ရင်ခွင်ထဲ အင့်ခနဲ ဝင်လာတဲ့Xingကို သူအသာထိန်းကိုင်ထားလိုက်သည်။

''ကျေးဇူးပါ ကျွန်တော့်ကို အများကြီးချစ်ပေးလို့ ကျေးဇူးပါ ကျွန်တော့်ကို အချိန်အကြာကြီးချစ်ခဲ့ပေးလို့''

ရင်ခွင်ထဲက ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ပြီး

''Xing ဘာဖြစ်လို့တုန်း တစ်ခုခုဖြစ်လို့လား တစ်ယောက်ယောက်လာသွားလို့လား''

''ဟင့်အင်း ဘာမှမဖြစ်ပါဘူး ဘယ်သူမှလည်းမလာဘူး''

ထိုအဖြေကြားမှ Yifan စိတ်အေးရသည်။သူတွေးထားတဲ့ သူတွေလာမှာ အရာတွေဖြစ်မှာ သူတွေးပူလေသည်။ပုခုံးလေးတွေ တစ်ချက်တစ်ချက်တုန်သွားတာမို့

''Xing ငိုနေတာလား''

''မငိုပါဘူး''

''အပြင်မှာအေးတယ် လာ လက်တွေကအေးစက်နေတာပဲ အပြင်မှာ ဘာလို့နေ နေတာလဲ''

''လူကြီးကိုစောင့်နေတာ''

''XING လေးရယ်''

လက်ဖဝါးကိုဆွဲကိုင်ပြီး ခေါ်လာတာတောင် သူ့လက်မောင်းကို မလွှတ်တမ်းဖက်တွယ်ထားတာမို့ တစ်ခုခုတော့ထူးနေသည်။အရင်ကဆို သူထိတာတောင် မရက်ရောတက်တဲ့ မသိမသာရုန်းတက်တဲ့ကောင်လေးလေ

Yixingကို ဧည့်ခန်းထဲထားခဲ့ပြီး အဝတ်အစားလဲကာပြန်ထွက်လာတော့ Xingကသူ့တံခါးဝမှာ ငုတ်တုတ်လေးစောင့်နေရှာသည်။

''Xing ဘာဖြစ်လို့တုန်းဟမ် ကိုယ့်ကိုပြော''

''တကယ်ဘာမှမဖြစ်ပါဘူး ပျင်းနေလို့''

''ခဏလေးပဲဟာကို Xingရယ် ကဲလာ ဗိုက်ဆာတယ်မလား''

ညစာ စားတော့ သူ့ဘေးမှာထိုင်ချင်တယ်ပြောလာလို့ ခုံချင်းဆက်ထိုင်စားရသည်။ဒါတင်မက သူ့ကိုဟင်းခတ်ထည့်ပေးရတာနဲ့ မကြိုက်တာတွေဖယ်ပေးရတာနဲ့။Yifanကြည်နူးမိပေမယ့် စိတ်လည်းပူရသည်။ မုန်တိုင်းမလာခင်က လေပြေညင်းတွေများ ဖြစ်နေမလားလို့။

__________________________________

သူသိပ်ကြိုက်တဲ့ဘောလုံးပွဲ လာနေတာကိုပင် မကြည့်ပဲ သူ့နားမှာတောက်တဲ့ကပ်သလိုထိုင်နေသည့်ကောင်လေးကို

Thousand of Years ••completed••Donde viven las historias. Descúbrelo ahora