ဓာတ်ပုံတွေကြည့်ရင်းအမြင်တွေဝေဝါးလာပြန်တာ သူမမျက်ဝန်းမှာမျက်ရည်တွေဝေ့ဝဲလာပြန်ပြီထင်သည်။ ကြည်လင်သွားတဲ့အခိုက်မှာကို့အပြုံးလေးကိုကြည့်မိပြန်သည်၊ ကိုပြုံးနေတာပဲ၊ ကိုပျော်ရင်သူမလည်းပျော်နေသင့်တာပေါ့ ။ကိုရွေးချယ်ခဲ့တဲ့လမ်းမှာကိုပျော်ရင် ပြီးတာပါပဲလေ၊ မျက်နှာမမြင်ရပေမယ့် ကို့ကို ဖိနပ်ကြိုးတောင်ချည်ပေးနေတဲ့သူက ကို့ကိုချစ်မှာပါ။
''ရပြီ ထပ်မစုံစမ်းနဲ့တော့"
"ဟုတ်ကဲ့မမလေး ကျွန်တော်ဘာလုပ်ပေးရအုံးမလဲ"
"မလိုဘူးပြန်တော့"
အနားကနေJin ထွက်သွားတာနဲ့Su ကားလေးကို barတစ်ခုဆီဦးတည်လိုက်သည်။သူမလည်းပြောင်းလဲသင့်ပြီမလား။
******************************************
ကြီးကျယ်လှပလွန်းတဲ့ဒီအိမ်ကြီးမှာYixingရောက်နေခဲ့တာ ရက်ကိုလစားခဲ့ပြီ။Wu Yi Fan ,လူကြီးကသူ့ကိုအတော်ဂရုစိုက်သည်လေ။သူဂရုစိုက်သလောက်Yixing အနေကျပ်သည်။မနက်တိုင်းအလုပ်မသွားခင် သူ့ဆံပင်တွေကိုအသာဖွပြီး နဖူးကိုမလစ်လစ်သလိုနမ်းသွားတက်တာကလွဲပြီးသူမကြိုက်မှန်းသိ၍မထိ၊Yixingခွင့်မပြုဘဲနဲ့ နမ်းတောင်မနမ်းပါဘူးတဲ့လေ၊စောင့်စည်းတက်မှုကိုသူ လေးစားပါ၏။
အနေကြာလာတာနဲ့အမျှ လူကြီးဟူသောအသုံးအနှုန်းကို သူယဉ်ပါးသွားခဲ့သည်။လိုလေသေးမရှိ ဂရုစိုက်တက်မှုမှာလည်းနေသားကျခဲ့ပါ၏။သို့သော်တစ်ခုလေးပါပဲ။ သူ့နှလုံးသားက မချစ်နိုင်သေးတာလေးတစ်ခုသာ အသားမကျခဲ့။
YOU ARE READING
Thousand of Years ••completed••
RomanceBoy 's love Vs Girl's love on Zhang Yi Xing.Gazing to guiding stars. Swear that we'll love till thousand of years.10+00=1000 #Fanxing #CB #SuHun #yaoi #normal