Taeyong 's POV
ကျနော့်နောက်ကထပ်ချက်မကွာလိုက်နေတဲ့ခြေသံကြောင့်ကျနော်လည်းကြောက်လန့်တကြားနဲ့အောက်ဆုံးထပ်ကိုကြေးဆင်းမိတယ်
အောက်ဆုံးထပ်ရောက်တော့ကျနော်ကျောင်းထဲကထွက်ဖို့တံခါးဝဆီအမြန်ပြေးတော့သည်
တံခါးရဲ့ဘုလုံးကိုလှည့်လိုက်ချိန်မှာကျနော့်စိတ်တွေပိုခြောက်ခြားမိသွားတယ်
တံခါးပိတ်ထားလို့ဖွင့်မရဘူးဆိုတာသိနေပေမယ့်လည်း ကျနော်တံခါးဘုလုံးကိုကြောက်လန့်တကြားနဲ့အကြိမ်ကြိမ်လှည့်နေမိတယ်ကျနော့်အနောက်ကခြေသံလည်းကျနော်နဲ့တဖြည်းဖြည်းနီးလာတယ်
{ Jaehyun မင်းဘယ်မှာလဲ ငါ့အမြန်လာကယ်ပါ ငါတအားကြောက်နေပြီ Jaehyun-ah}
Taeyong 's POV end
*********
Ten's POV
မှောင်မည်းနေတဲ့ကျောင်းထဲမှာကျနော်ဘယ်လိုမှလှုပ်ရှားမရဘူးဖြစ်နေခဲ့တယ်
ဒါပေမယ့်အဲဒီအချိန်မှာအပေါ်ထပ်ကဆင်းလာတဲ့ခြေသံကိုကြားလိုက်မိတယ်
မှောင်မည်းတဲ့ကျောင်းထဲကို အနည်းငယ်လင်းသွားအောင်လုပ်လိုက်တာကတော့ အဲ့လူလက်ထဲကဖုန်းမီးကျနော်လည်းလူကိုသေချာမမြင်မိပေမယ့်သူ့လက်ထဲကမီးအလင်းရောင်ကြောင့်ကျနော်သူ့ကိုပြေးလိုက်မိတယ်
ကျနော်ပဲအရမ်းလိုက်လို့လားမသိ သူပဲအကြောက်လွန်နေတာလားမသိ ကျနော်လိုက်လို့မမှီအောင်ကျောင်းအောက်ဆုံးထပ်ကို သူပြေးဆင်းတာကြောင့်ကျနော်လည်းလိုက်ဆင်းမိတယ်
အောက်ဆုံးထပ်ရောက်တော့လည်း ထွက်ပေါက်တံခါးဆီတန်းပြေးတော့ ကျနော်တောင်နည်းနည်းကြောင်သွားတယ်
ကျနော်လည်းလက်မလျှော့ဘဲ သူနားကိုဖြည်းဖြည်းချင်းသွားပြီးမျက်နှာကိုအနီးကပ်ကြည့်လိုက်မိတယ်
Taeyong နဲ့တူသလိုလိုဖြစ်နေတော့ကျနော်လည်းဘာမှစဉ်းစားမနေတော့ဘဲ ခေါ်လိုက်သည်
"Taeyong ssi "
ကျနော်မှ Taeyong ကိုခေါ်လိုက်တော့ Taeyong အနောက်ဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်သည်
YOU ARE READING
I Can See Your Love Through Your Eyes
Romance"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...