I Can See Your Love Through Your Eyes. Ch-15

874 96 0
                                    

Taeyong 's POV

ထုံးစံအတိုင်း မနက် ၄ နာရီထပြီး Jaehyun အတွက်ထမင်းဗူးလုပ်ပေးနေရတယ်။
အရင်နေ့တွေက ထမင်းဗူးမထည့်သော်လည်း ဒီနေ့မှ ထမင်းဗူးထူးထူးခြားခြားယူမည်ပြောလာ၍ အကောင်းဆုံးပြင်ဆင်ပေးနေရသည်။

သူ့အတွက် အစစအရာရာကြင်ဆင်ပေးခဲ့တာ ဒီနေ့တစ်ရက်တည်းမှမဟုတ် သူကျနော်တို့အိမ်ကိုသူ့အမေနဲ့စရောက်လာကတည်းက။

နှစ်ရှည်လများ အချိန်ကြာမြင့်စွာ သူ့ကိစ္စအားလုံးကိုလိုက်လုပ်ပေးနေရတဲ့အပြင် သူ့ရဲ့အနိုင်ကျင့်မှုတွေကိုခေါင်းငုံ့ခံခဲ့တာကျနော်အချစ်ကြီးမားလွန်းလို့ သည်းခံနိုင်ခဲ့တာ။

Jaehyun သာကျနော့်ဘက်ကိုငဲ့ကြည့်ခဲ့မယ်ဆိုရင် သူကျနော့်ရင်ထဲကအချစ်ကိုမြင်ရင်မြင်ရမှာ....

အခုထိကျနော်လကိုလျစ်လျူရှုနေနိုင်တယ်ဆိုတာ သူကျနော့်ကိုတချက်တောင်လှည့်မကြည့်ခဲ့လို့ပေါ့???

သက်ပြင်းတချက်ချကာ ခပ်ထွေးထွေးလေးဖြစ်အောင်တည်ထားတဲ့ ထမင်းဖြူလေးကို လေးထောင့်ကျကျထမင်းဗူးထဲကိုလောင်းထည့်လိုက်တယ်။
ငရုတ်သီးနဲ့ အစပ်အဟပ်တည့်အောင်ချက်ထားတဲ့ Sausage ကို ခရမ်းချဉ်အနှစ်နဲ့ကို ထမင်းပေါ်လောင်းပြီးနှပ်ထားလိုက်တယ်။
ကျနော်ဟာ ဟိုတယ်က ကျွမ်းကျင်တဲ့ စားဖိုမှူးမဟူတ်ပေမယ့် Jaehyun အတွက်ဆိုရင် အရသာရှိတဲ့ ဟိုတယ်စာတွေသာချက်ကျွေးတတ်သူတယောက်။

ထောပတ်ဆီနဲ့ ကြော်ထားလို့ အရသာချိုပြီး ခပ်တောင့်တောင့်လေးဖြစ်နေတဲ့ အားလူးကြော်ချောင်းလေးတွေကို အပူခဲစက္ကူကတောင့်ချွန်ထဲကို သေချာထည့်လိုက်တယ်။

ပိန်းဥနဲ့လုပ်ထားတဲ့ဖျော်ရည်ကိုပိုအရသာရှိသွားအောင်ပုလဲသီးတွေထပ်ထည့်လိုက်တယ်။

Jaehyun ရဲ့ထမင်းဗူးကိုလုပ်ပြီးသွားပေမယ့် ကျနော်ဟာ ကျောင်းက canteen မှာပဲဖြစ်သလိုစားရမယ့်အခြေအနေ။

သူ့ရဲ့ အိမ်သူသက်ထားတောင် ကျနော့်လောက်သူ့ကိုဂရုစိုက်နိုင်ပါ့မလား?
ကိုယ့်ကိုကိုယ်ဂုဏ်တင်ချင်လို့ပြောတာမဟုတ်၊ ကျနော့်လောက်သူ့ကိုဂရုမစိုက်နိုင် ၊ မချစ်နိုင်ရင် သူ့ကိုအခြားလူလက်ထဲကျနော်မထည့်လိုက်နိုင်ပါ.....

I Can See Your Love Through Your Eyes Where stories live. Discover now