"နှလုံးသားတစ်�စုံရဲ့ တောင်ပံခတ်သံ "
အပိုင်း ၂Suho အခန်းထဲ ဝင်လာတော့ jongin kyung soo လက်ကလေး ကိုကိုင်ကာ ကုတင်ပေါ် ခေါင်းတင်ပြီး အိပ်နေသည် ဒီကောင်လေး မနေ့ကလည်း မပြန်ပြန်ဘူး
"Jongin.. ..jongin ထ ထ မိုးလင်းနေပြီ "
Suho သုံးလေးချက်လောက် ပုတ်နှိုးလိုက်မှ အင်း....အဲ လုပ်ပြီး ထလာသည်
"Jongin မင်းဘယ်ချိန်ထိ ခုလို လုပ်နေမှာလဲ "
Jongin မသိချင်ယောင်ဆောင်ပြီး
"ဘာကို လဲ Hyung ကလည်း ကျွန်တော် က ခုဘာလုပ်နေလို့လဲ "
Suho ဒီကောင်လေးကိုကြည့်ပြီး စိတ်မချမ်းသာပါ ချစ်တာကတော့ချစ်တာပေါ့ ဒါပေမယ့် ကိုယ့်ဘဝရှေ့ရေးလည်း ရှိသေးတာပဲ
"မင်း ဘယ်လောက်ထိ kyung soo ကိုဆွဲထားဦးမှာလဲ မပင်ပန်းသေးဘူးလား "
"ကျွန်တော် မပင်ပန်းပါဘူး Hyung ကလည်း kyung soo ကိုပြုစုရတာပျော်တောင်ပျော်သေး "
"မဟုတ်သေးဘူး Jongin ငါမခံစားတတ်လို့ ကိုယ်ချင်းမစာလို့်ပြောတာ မဟုတ်ဘူး မင်းအရမ်းတစ်ဖက်စွန်းရောက်နေပြီ "
"ကျွန်တော် နားလည်ပါတယ် Hyung ကျွန်နော့်ကိုယ်ကျွန်တော်လည်း သိတယ် ဒါပေမယ့် kyung soo နဲ့ ပတ်သတ်လာရင် တော့ အစွန်းရောက်ရုံတင်မကဘူး ကျွန်တော်ဘာမဆိုလုပ်ရဲတယ် Hyung ကျွန်တော့်ရဲ့ ချစ် အတ္တလို့ပဲဆိုရမလား ကျွန်တော့်ကိုယ်ကျွန်တော်လည်း ကြိုးစားကြည့်ပြီးပြီ ဒါပေမယ့် မမြင်ရတဲ့ စိတ်ဆိုတဲ့ အရာကို ဘာတွေနဲ့ ပြောင်းလဲရမလဲကျွန်တော်မသိဘူး
Hyung သိလား ကျွန်တော်ခုတလော ဘယ်လောက်ကြောက်နေလဲ ကျွန်တော် မရှိတဲ့ အချိန်မှာ သူများတစ်ခုခုဖြစ်သွားမလား ဒါမှမဟုတ် ကျွန်တော် မရှိတုန်း သတိရလာလေမလားဆိုပြီး သူ့နားကတစ်ဖဝါးမှမခွာနိုင်ပဲ ကျွန်တော့်မှာ တွေးပူနေရတာ သူကျွန်တော့်ကို ထားသွားမှာ ဒီအတွေးတွေနဲ့ ကျွန်တော် ရူးတော့မလားတောင်မသိဘူး
နောက်ဆုံးအနေနဲ့ သူနဲ့ပတ်သတ်တဲ့ အသေးအမွှား လေးကအစ ရနိုင်သလောက် ကျွန်တော် ဆွဲထားချင်တယ် "