Kai ရှုပ်ပွနေသော စားပွဲကစာရွက်တွေကြား ခေါင်းစိုက်ကာ ဆံပင်တွေလဲ စားရွက်ပုံကြီးလိုပင် မညီမညာဖွာလန်ကျဲ၍ရှုပ်ပွနေသည် .. ။ သူဆိုးလ်ကိုရောက်ပြီးကတည်းက ဟိုတယ်ဆောက်လုပ်ရေးကိစ္စတွေနှင့်ရှုပ်နေကာ Kyungsoo အကြောင်းကိုလူလွှတ်စုံစမ်းခိုင်းရုံသာရှိသည် .. ။ သူကိုယ်တိုင်လိုက်ရှာရလောက်သည်အထိ အချိန်တွေကမပိုလျှံ .. ။ ဆောက်လုပ်ရေးကုမ္ပဏီကိုတောင် Chanyeol တို့ကုမ္ပဏီနှင့်မို့လို့တော်တော့သည် .. ။
သို့သော်မမေ့မလျှော့အလုပ်တစ်ခုကတော့ ရသည့်အခွင့်အရေးတိုင်း လက်လွှတ်မခံစွာMr do ကိုထိုးနှက်ဖို့ပင် .. ။ ယခုဆို Mr do, kai ကို တော်တော်ပင်မုန်းတီးနေလောက်ပြီ ... ။ နေရာတကာ Mr do ထက်ခြေတစ်လှမ်းပိုလှမ်းကာ အခွင့်အရေးတိုင်းလုယူကာ ဖျက်စီးခဲ့သည်လေ .. ။
"သူဌေး သည်နေ့ ဖြောင်းယန်းဒိုမှာ မြေကွက်လေလံဆွဲပွဲရှိတယ် ...
မြေကွက်ကအချက်အခြာကျတဲ့အပြင် အတော်ကျယ်တယ် ..
လိုချင်သူတွေလည်းအရမ်းများတယ် ..
ကျွန်တော်တို့သွားမလား .. "Kai သူ့အတွင်းရေးမှုး Jungkook ပြောသည့်စကားကိုစဉ်းစားနေသည် .. ။ မြေကွက်ဆိုသည့်အမျိုးမှာ ဝယ်ထားလျှင်အကောင်းဆုံး ဘယ်တော့မှဈေးကျသည်ဆိုတာမဖြစ်နိုင် ..
နောင်တစ်ချိန်မှာ သည်ထက်ပိုတက်ဖို့ပဲရှိသည် ..။
ပြီးတော့ကျိန်းသေတယ် Mr do လည်းလေလံဆွဲသူတွေထဲပါလောက်သည် .. ။
အလုပ်ကြီးပဲလုပ်နေတာ ပျင်းစရာကောင်းသည် .. ။ နည်းနည်းလောက်အပျင်းပြေအောင် ကစားလိုက်ဦးမှပင် .. ။"သွားကြတာပေါ့ ဘယ်နှစ်နာရီ ?? "
"နေ့လည်နှစ်နာရီပါ သူဌေး.. "
"Ashii ဘာသူဌေးလဲ ??
အရင်လို Hyung ပဲလုပ်စမ်းပါ ..
နားကြားပြင်းကပ်စရာ သူဌေး သူဌေးနဲ့ .. "အမှန်တော့ Jung kook သည် suho hyung ရဲ့ ညီတစ်ဝမ်းကွဲပင် .. ။ လုပ်ငန်းအတွေ့အကြုံရအောင် သူ့နားအတွင်းရေးမှုးဝင်လုပ်နေခြင်းပင် .. ။
"ဟာ သူဌေးကလည်း အလုပ်မှာတော့ အထက်အရာရှိပဲကို ..
အလုပ်မှာ အလုပ်စည်းကမ်းပေါ့ ..
အိမ်မှာတော့ အိမ်စည်းကမ်းအရ Hyung ပေါ့ .."Kai စည်းကမ်းကိုသိပ်လေးစားသော Jung kook ကိုဘာမှမပြောတော့ဘူးဆိုသည့်သဘောနှင့် ခေါင်းရမ်းကာ ကိုယ့်အလုပ်ကိုသာပြန်လုပ်နေလိုက်သည် .. ။