Jongin အိမ်ကိုပြန်ရောက်တော့ သူ့အမေရင်ခွင်ထဲခေါင်းတိုးဝင်ကာ ငိုမိသည် မိဘရင်ခွင်သည် အနွေးထွေးဆုံးမဟုတ်လား ..
သူမတရားမှန်းသိပေမယ့် သူ့ရဲ့ ပူလောင်နေသော နှလုံးသားကို အမေ့ရင်ခွင်ထဲခိုဝင်ကာ အေးချမ်းမှုကိုရှာဖွေမိသည် ...သူ့မေမေက သူ့ကို အပြစ်မဆိုသည့် အပြင် သူ့ခေါင်းလေးကို အသာပုတ်ကာ သူ့ကို နှစ်သိမ့်ပေးနေသည် ...
"သားကိုစိတ်မဆိုးဘူးလားမေမေ "
သူမနေနိုင်စွာ ရင်ခွင်ထဲကနေ ခေါင်းမော့ပြိး မေးကြည့်မိသည်
သူ့အမေက အေးအေးချမ်းချမ်းဆိုပေမယ့် နွေးထွေးမှုတွေပါ ပျော်ဝင်နေသောအပြုံးမျိုးဖြင့်သူ့ကိုကြည့်ကာ
"ဘာလို့စိတ်ဆိုးရမှာလဲ သားရဲ့ အမေ့သားလည်း အရွယ်ရောက်နေပြီပဲ အတောင်စုံလို့ ပျံသန်းချင်နေပြီပဲ အမေကဘာလို့်တားရမှာလဲ သားမှာလည်း စဉ်းစားဥာဏ်ရှိတာပဲဟာ တစ်ခုပဲ သားရဲ့ တက်လမ်းတွေ သားဘဝရဲ့လမ်းကြောင်းတွေမှာ အမေက အတားဆီးတစ်ခုတော့မဖြစ်ချင်ဘူး
အမေက ငါ့သားပျော်နေရင်ကျေနပ်ပြီ သားဘာလုပ်ချင်ချင် အမေက အားပေးဖို့အသင့်ပဲ ဘာကြောင့်ဆို သားကိုမေမေယုံလို့ပဲ "သူ့အမေရဲ့ အဖြူရောင် မေတ္တာရောပြီး မျက်ရည်စွက်နေသော စကားတွင် သူပိုငိုချင်လာသည် ကလေးတစ်ယောက်လို စိတ်ရှိလက်ရှိ မကျေနပ်သည်များ ပပျောက်သည်ထိ သူငိုနေမိသည် ..
အီး..ဟီး..
. ဘယ်သူ့တွက် ကျနေသည့် မျက်ရည်မှန်းမသိပေမယ့် သူ့စိတ်ကိုတော့ ပြေပျောက်စေသည်ကတော့အမှန်ပင် ...
******
"ဦးတို့ပဲ စဉ်းစားကြည့် သူတို့်နှစ်ယောက်က ချစ်သူတွေဆိုပေမယ့် ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေပဲ .. အီး...ဟီး... ခုတော့ အဟင့် ကျွန်တော်တို့သူငယ်ချင်း jongin မသမာသူတွေရဲ့လက်ချက်ကြောင့် ... အီးဟီး... "
ကျွတ်...
Mr do သူ့ရှေ့က သူ့သားသူငယ်ချင်းနှစ်ယောက်ကို စိတ်ပျက်လက်ပျက်ကြည့်နေမိသည် စရောက်ကတည်းက လိုရင်း မရောက်ပဲ ဘာကိုဆိုလိုချင်မှန်းမသိ ဝေ့နေသည် ထို့ပြင် သူ့အိမ်မှာ အ သုဘ အိမ်ကဲ့သို့ရောက်ကတည်းက အော်ငိုနေသေးသည် မှေးမှေးလေးနဲ့ သေးသေးလေးတစ်ယောက်က ပိုဆိုးသည် နဂိုကမှ အိမ်က သားတော်မောင်က ထမင်းမစားပဲ အသည်းကွဲတာကို လူသိရှင်ကြားကြော်ညာလို့ စိတ်ညစ်ရသည့်အထဲ