Jongin ခုတစ်လော စိတ်နဲ့လူနဲ့မကပ် kyungsoo အကြောင်းပြချက်မရှိ ပျောက်သွားပြီး အဆက်သွယ်ပျက်သွားသည် သူ့မှာ baby အိမ်သွားတော့လည်း အရင်လိုမဟုတ် အနောက်တိုင်း ဝတ်စုံနဲ့ အစောင့်တွေအများကြီးက သူ့ကိုမောင်းထုတ်သည်
သူ့အဲ့ကတည်းက အခြေအနေကို သဘောပေါက်လိုက်သည် baby အိမ်က သိသွားတာပဲ သူဘာလုပ်ရမလဲ သူတို့အဖြစ်က ရုပ်ရှင် ကဲ့သို့ ဖြစ်နေပြီ ဒီဇာတ်လမ်းဟောင်းကြီးကို သူဘယ်လို ဖြေရှင်းရမည်လဲ လမ်းဟောင်းအတိုင်း သူ baby ကိုယ် ဘယ်လောက် ချစ်ကြောင်း သူ့ မိဘ သူ့ အိမ်ရှေ့ မှာ လူုကြီးတွေ သနားအောင် သွားပြောရမည်လား
ဒါမှမဟုတ် ဘာပဲဖြစြ်ုဖစ် မိုက်ရူးရဲဆန်ဆန် အသေခံပြီးပဲ ဖြစ်ဖြစ် ဘာကိုမှ ဂရုမစိုက် သွားတွေ့ရမည်လား ဇာတ်လမ်းထဲမှာ အဲ့လို အဆင်ပြေနိုင်ပေမယ့် တကယ့်လက်တွေ့မှာတော့ အဆင်ပြေပါ့မလား သူက ဇာတ်လိုက်လည်း မဟုတ်
ဘဝဆိုသည့် အရာသည် မထင်မှတ်ထားသည့် အချိန်တွင် မထင်မှတ်သည့်ထူးဆန်းမှုတွေကို ယူဆောင်ပေးတတ်သည်
သူ့မှာ အရူးတစ်ယောက်ကဲ့သို့ ဘာကို ဘယ်က စလုပ်ရမည်ကို မဆုံးဖြတ်နိုင်အောင် ဗျာများနေရသည် chanyeol နှင့် baekhyun နှစ်ယောက်သည်လည်း ကျွန်တော့အဖြစ်ကိုကြည့်ပြီး ဘယ်က စကူညီရမလဲ ကြံရာမရ သူတို့ကိုလည်း ဆက်သွယ်ခွင့်ပိတ်ထားသည်လေ
အဲ့လိုနဲ့ တစ်ပတ်ပြည့်တဲ့နေ့မှာ သူ့ဆီကို message ရောက်လာသည်*jongin သည်နေ့ည ၁၂ နာရီမှာ baby ကိုလာခိုးပါ baby တို့တွေ့နေကျ ပန်ုးခြံမှာ စောင့်နေမယ် "
သူထို message ကိုမြင်တော့ ပြောစရာ စကားတွေ ပျောက်သွားလောက်အောင် ဆွံအသွားမိသည် ။ ဒီ ... ဒီစာက kyungsoo က သူ့ကို လာခိုးခိုင်းတာပေါ့...baby နဲ့ သူနဲ့ နီးရတော့မှာပေါ့ ...
သူ့ မျက်နှာ အမူရာကြည့်ပြီး chanyeol နဲ့ baek တောင် စိတ်ဝင်စားပြီး အတင်းလှုပ်မေးမှ ပြဖို့သတိရသည် ။ သူတို့်နှစ်ယောက်လည်း ကျွန်တော်တို့ နှစ်ယောက် အတွက် အလွန်ပျော်နေသည် homo ကို သဘောမကျတဲ့ chanyeol တောင် ပျော်ရွှင်နေပြီး ဘာကူညီရမလဲလုပ်နေသည်။ သူ့ဘဝတွက် ထိုအချိန်ခါက သိပ်ပျော်စရာကောင်းခဲ့ပါသည်။